သီပေါမြို့နယ်တွင် တိုင်းရင်းဆေးပညာဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ပြုလုပ်ဆောင်ရွက်

သီပေါ ဩဂုတ် ၂၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် တိုင်းရင်းဆေးပညာဦးစီးဌာနတို့ပူးပေါင်း၍ တိုင်းရင်းဆေးပညာဆိုင်ရာအသိပညာပေး ဆွေးနွေးပွဲ(Talk Show)ကို ယနေ့နံနက်၉နာရီကပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်နန်းသိင်္ဂီစိုးက အသိပညာပေးဆွေးနွေးပွဲ(Talk Show)ပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်တိုင်းရင်းဆေးပညာဦးစီးဌာနမှ တိုင်းရင်းဆေးမှူးဒေါ်တင်တင်စန်းက လူကြီး၊ လူငယ်အများစုတွင် ဖြစ်တတ်သောရောဂါနှင့် ကုထုံးများအကြောင်းကို ရှင်းလင်းဆွေးခဲ့သည်။ ဆက်လက်၍ သွေးတိုးရောဂါနှင့် ဆီးချိုရောဂါရောဂါများဖြစ်ပေါ်ပါက၊ ကုသရမည့်နည်းလမ်း၊ ဆောင်ရန်၊ ရှောင်ရန်များ၊ နေထိုင်ရမည့်နည်းလမ်းများ၊ သောက်သုံးရမည့် ဆေးဝါးများအကြောင်းကို အသိပညာပေးဆွေးနွေးခဲ့သည်။

သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများအသိပညာ ဗဟုသုတရရှိစေရန် သက်ဆိုင်ရာကဏ္ဍများအလိုက် အသိပညာပေးဆွေးနွေးပွဲ(Talk Show)များကို ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့်ပူးပေါင်း၍ လစဉ်ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် အဆိုပါအသိပညာပေးဆွေးနွေးပွဲ (Talk Show)များကို သီပေါမြို့နယ်ရုံးမှ ဖွင့်လှစ်ထားသော We Love Hsipaw Facebook Page တွင် လွှင့်တင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခင်လေး(သီပေါ၊ ပြန်/ဆက်)