မြောင်းမြ ဩဂုတ် ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၌ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး Talk Show ကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်၌ ပြုလုပ်ခဲ့ ကြောင်း သိရသည်။
အဆိုပါ Talk Show ဆွေးနွေးပွဲတွင် မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာထွန်းက Talk Show ပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားပြီး သဘာဝဘေးအန္တရာယ်များထဲမှ ငလျင်ဘေးအန္တရာယ်နှင့် ပတ်သက်ပြီး ငလျင်ဘေးအတွက် ကြိုတင်ပြင်ဆင်ရန်အချက်များ၊ ငလျင်လှုပ်နေစဉ်အတွင်း လိုက်နာရန်အချက်များ၊ ငလျင်လှုပ်နေစဉ်အတွင်း ရှောင်ရှားသင့်သည့်အချက်များ၊ ငလျင်လှုပ်ပြီးနောက် ပြုလုပ်ရန်အချက်များ၊ ငလျင်လှုပ်ပြီးနောက် ရှောင်ရှား သင့်သည့်အချက်များ၊ ဌာနမှ သဘာဝဘေးအတွက် လှုပ်ရှားဆောင်ရွက်မှုများကို မေးမြန်းဆွေးနွေးရာ၊ မြောင်းမြခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဇင်ဝင်းမော်က ပြန်လည်ဖြေကြားဆွေးနွေးခဲ့ကြောင်း သိရသည်။
မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အသိပညာပေး (Talk Show) အပါအဝင် ပြည်သူများ အသိပညာဗဟုသုတရရှိစေမည့် ပုံပြော၊ ကဗျာရွတ်၊ စက္ကူခေါက်၊ စာအုပ်မိတ်ဆက်နှင့် အခြား အသိပညာပေး အစီအစဉ်များကိုလည်း ရိုက်ကူးထုတ်လွှင့်ပေးလျက် ရှိကြောင်း သိရသည်။
မြောင်းမြခရိုင်(ပြန်/ဆက်)