ဝါးခယ်မ ဩဂုတ် ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Show ကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show တွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဒုတိယဦးစီးမှူး ဦးလွှမ်းသီဟနှင့် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံဦးစီးမှူး ဦးအောင်မိုး တို့က စားသုံးသူများအနေဖြင့် ရရှိနိုင်သည့် အခွင့်အရေးများ၊ ဈေးကွက်အတွင်း ကုန်စည်များ ရောင်းဝယ်မှုနှင့် ပတ်သတ်ပြီး သိသင့်သိထိုက်သည့် အကြောင်းအရာများကို လည်းကောင်း၊ စားသုံးသူများအနေဖြင့် စားသောက် ကုန်ပစ္စည်းများ ဝယ်ယူသုံးစွဲရာတွင် ကုန်စီကုန်အညွှန်းအမှတ် အသားတံဆိပ်ပါဝင်သည့် ကုန်ပစ္စည်းများကို ဝယ်ယူသုံးစွဲကြရန်၊ ဘေးဥပဒ်အန္တရာယ်ရှိနိုင်သည့် ကုန်ပစ္စည်းများကို စီစစ်၍ သေချာဝယ်ယူသုံးစွဲရန်၊ ကုန်စည် ကုန်ညွှန်းအမှတ်အသားပါရှိစေရေး၊ ပြည်တွင်းကုန်စည် စီးဆင်းမှုများတွင် စားသုံးသူရေးရာဝန်ကြီးဌာနမှ စိစစ်ထောက်ခံထားသည့် ကုန်စည်သာ တင်သွင်းရောင်းချနိုင်ပြီး အရည်အသွေးပြည့်မီစေရေးအတွက် စားသုံးသူရေးရာဦးစီးဌာနမှ ဈေးကွက်အတွင်း စောင့်ကြည့်ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း ဆွေးနွေး ပြောကြားခဲ့သည်။
ဟိန်းထက်လင်း(ဝါးခယ်မ ပြန်/ဆက်)