ပုလောမြို့နယ်၌ အသက် (၁၈) နှစ်အထက် ပြည်သူများအား  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Booster ထပ်ဆောင်းထိုးနှံပေး

ပုလော ဩဂုတ် ၂၃

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် အသက် (၁၈) နှစ်အထက် ပြည်သူများအား ကိုဗစ်၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရန် ယနေ့နံနက် ၉ နာရီခွဲအချိန်က ပုလောမြို့နယ်ခန်းမ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေး Booster ထပ်ဆောင်းထိုးနှံပေးရာတွင် ပုလောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့က္ကဋ္ဌ ဦးခင်မောင်စိုးနှင့် တာဝန်ရှိသူများ ကြီးကြပ်၍ ပုလောမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှ လိုအပ်သည်များ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပုလောမြို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကာကွယ်ဆေး လာရောက်ထိုးနှံသူများကို ကိုယ်ပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းခြင်းများ ဆောင်ရွက်ပေးပြီး ကျန်းမာရေး ကောင်းမွန်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Booster ထပ်ဆောင်းထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။

အေးအေးမော် (ပုလော)