အမရပူရ ဩဂုတ် ၂၃
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု (Community Centre)ခန်းမတွင် ယမန်နေ့မွန်းလွဲ (၂)နာရီအချိန်က စာဖတ်ရှိန်မြင့်တင်ရေးဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အမရပူရမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်တင်လှက စာဖတ်ခြင်းအကျိုးကျေးဇူးများနှင့် စာပေတန်ဖိုးများကို ရှင်းလင်းပြောခဲ့သည်။ ထို့နောက် တက်ရောက်လာသူများက စာအုပ်စာပေများကို ကြည်ရှုလေ့လာခံကြောင်း သိရသည်။
စိုးသီဟ (အမရ)