မူဆယ်မြို့ GlORY Primary ကျောင်းတွင် အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင် ပြသခြင်းဆောင်ရွက်

မူဆယ် ဩဂုတ် ၂၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့ ပန်လုံ(ဟောင်း)ကျေးရွာရှိ GlORY  Primary  ကျောင်းတွင် ကျောင်းသူ/သားများ အသိပညာများ တိုးပွားစေရန်ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီခွဲ အချိန်က  အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်ပြသခြင်း ဆောင်ရွက်ခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မူဆယ်ခရိုင်ဦးစီးမှူး ဦးအယ်လ်စိုးထန်တူးက ကျောင်းသူ/သားများအတွက် ဘဝအကျိုးပေးအားပေးစကားများ၊ တစ်ဦးတစ်ယောက်ချင်း နှုတ်ဆက်ပုံအကြောင်းရှင်းပြခြင်း၊ ကျောင်းသူ/သားများကို စာကြိုးစားရန်နှင့် စာများများဖတ်ရန်တို့ကို ဟောပြောခဲ့ပြီး ကျောင်းသူ/သားများ အထောက်အကူ ဖြစ်စေမည့် စာရေးကိရိယာများဖြစ်သည့်  ကျောင်းသုံးဗလာစာအုပ်(၆၀)အုပ်နှင့် ကျောပိုးအိတ် (၆၀)လုံးကိုလည်း အခမဲ့ဝေငှ ထောက်ပံ့ပေးခဲ့သည်။ ဆက်လက်ပြီး အသိပညာပေးနံရံကပ် စာစောင်ပြသရာတွင် လတ်တလောမြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါနှင့် သက်ဆိုင်သည့် အသိပညာပေးခြင်းများ၊ သဘာဝဘေးဆိုင်ရာအသိပညာပေးခြင်းများနှင့် သွေးလွန်တုပ်ကွေးရောဂါဆိုင်ရာ အကြောင်းအရာများ ကို ပြသခဲ့သည်။

ယင်း အသိပညာပေးဟောပြောခြင်းနှင့် အသိပညာပေးနံရံကပ်စာစောင် ပြသခြင်းကို ကျောင်းသူ/သား (၁၁၀) ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

ချယ်ရီမြေ(မူဆယ်)