သံတောင်ကြီး ဩဂုတ် ၂၃
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ယနေ့နံနက် (၉) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်းတွင် စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ Screabble ပြိုင်ပွဲ၊ ကြက်တောင်ရိုက်ပြိုင်ပွဲနှင့် Community Centre ခန်းမတွင် ကြိုးခုန်ပြိုင်ပွဲများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲများကို ကလေးသူငယ်များ ဉာဏ်ပညာစွမ်းရည်အတွေးအခေါ် စွမ်းရည်များဖွံ့ဖြိုးတိုး တက်လာစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ စာဖတ်ခြင်းအလေ့အထများရှိစေရန်၊ ယခုကဲ့သို့ ပြိုင်ပွဲများပြုလုပ်ပေးခြင်းဖြစ်ပြီး စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျောင်းသူ/သား(၆)ဦး၊ Screabble ပြိုင်ပွဲ ကျောင်းသူ/သား(၈)ဦး၊ ကြက်တောင်ရိုက်ပြိုင်ပွဲ ကျောင်းသူ/သား (၈) ဦး နှင့် Community Centre ခန်းမ၌ ကြိုးခုန်ပြိုင်ပွဲ ကျောင်းသူ/သား (၇) ဦး ပါဝင်ယှဉ်ပြိုင်ကြပြီး ဆုရရှိသူများအား မြို့နယ်ဦးစီးအရာရှိ နော်လော်မူနှင့်ဝန်ထမ်းများက အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်းသိရသည်။
နော်နော်မူ