မင်းကင်းမြို့၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

မင်းကင်း ဩဂုတ် ၂၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့မှ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဟောပြောပွဲကို မင်းကင်းမြို့ အခြေခံပညာအထက်တန်းကျောင်းရှိ စကားဝါခန်းမ၌ ယမန်နေ့နံနက် ၉နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်လူကုန်ကူးတားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ထွန်း၊ ဒုတိယဥက္ကဋ္ဌ မြို့နယ်ရဲတပ်ဖွဲ့မှူးယာယီရဲမှူး တင့်လွင်နှင့် အဖွဲ့ဝင်တို့က လူကုန်ကူးခံရခြင်း အကြောင်းအရင်းများ၊ လက်ရှိလူကုန်ကူးမှုဖြစ်ပွားနေမှု အခြေအနေများနှင့် လူကုန်ကူးခံရမှု ပုံစံအမျိုးမျိုး၊ လူကုန်ကူးခံရမှုမှ ကင်းဝေးစေရန် ဆောင်ရန်၊ ရှောင်ရန်များနှင့် လူကုန်ကူးမှုဆိုင်ရာဥပဒေ၊ နည်းဥပဒေများကို  အသိပညာပေးဟောပြောခဲ့ကြပြီး ဟောပြောပွဲသို့ ကျောင်းသား၊ ကျောင်းသူ(၂၀၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲသို့ မင်းကင်းမြို့နယ် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ကျောင်းဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

လှငွေ (ပြန်/ဆက်)