ကြာအင်းဆိပ်ကြီးမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းပြုလုပ်

ကြာအင်းဆိပ်ကြီး ဩဂုတ် ၂၅

စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့ဝင်များမှ လစဉ် စဉ်ဆက်မပြတ် ပြုလုပ်ကျင်းပဆောင်ရွက်လျက်ရှိသည့် စာဖတ်ဝိုင်းအား ယမန်နေ့နေ့လယ်ပိုင်းအချိန်က ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ပြုလုပ်ကျင်းပသည်။

အဆိုပါ စာဖတ်ဝိုင်းတွင် စာရေးဆရာလယ်တွင်းသားစောချစ် ရေးသားထုတ်ဝေသည့် အောင်စိတ်ဖြင့် ထူးချွန်စွာအောင်မြင်နည်း ခေါင်းစဉ်ပါစာအုပ်၏ ဆောင်းပါးများဖြစ်သည့် ငယ်ဘဝနှင့်ပတ်ဝန်းကျင်၊ အရှုံးစိတ်အနိမ့်စိတ်မှ အညံ့ဘဝသို့၊ မ‌မေ့နိုင်သော ချီးကျူးစကား၊ ဆန္ဒဝီရိယ ကြိုးစားအောင်မြင် စသည့်ခေါင်းစဉ်ပါ ဆောင်းပါးအကြောင်းအရာများအား စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့ဝင်များမှ တစ်ဦးချင်းစီ အလှည့်ကျဖတ်ကြားပြီး အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။

မျိုးမင်းဦး (ပြန်/ဆက်)