ကွတ်ခိုင်မြို့နယ် အ-မ-က(၇)ကျောင်းတွင် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

ကွတ်ခိုင် ဩဂုတ် ၂၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် မျိုးဆက်သစ်ကလေးသူငယ်များ အသိပညာဗဟုသုတတိုးပွားလာစေရန် ရည်ရွယ်၍ ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က အ-မ-က(၇)ကျောင်း၌ အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင် ပြပွဲကိုကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အသိပညာ‌ပေးဟောပြောရာတွင် ကွတ်ခိုင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ဌေးဌေးဝင်းက ကျောင်းသား/သူများအား ယခုကာလအတွင်းအဖြစ်များတတ်သော သွေးလွန်တုတ်ကွေးနှင့် ပတ်သက်သည့် ကျန်းမာရေးဆိုင်ရာ အကြောင်းအရာများ၊ မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့်အကြောင်းအရာများ၊ လူကုန်ကူးမှုဆိုင်ရာအကြောင်းအရာများနှင့် စာပေဖတ်ရှုခြင်းမှ ရရှိလာသည့် အကျိုးကျေးဇူးများစသည့်တို့ကို ကျောင်းသား/သူများအား အသိပညာ‌ပေးဟောပြောခဲ့သည်။ ဆက်လက်၍ ဟောပြောပွဲတွင် ပြောသွားခဲ့သည့် လူကုန်ကူးမှုနှင့် မူးယစ်ဆေးဝါးဆိုင်ရာအကြောင်းအရာများကို နံရံကပ်စာ‌စောင်ဖြင့်ပြသခဲ့ပြီး ကျောင်းသား/သူများကလည်း စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရပါသည်။

ချစ်မျိုးဦး(ကွတ်ခိုင်)