မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ကျိုက်ထိုမြို့နယ်၊ ကျူ​ချောင်​ကျေးရွာ အ​ခြေခံပညာအထက်​တန်းကျောင်းရှိ (၂၄၀×၄၀) ​ပေ Steel Structure ပညာဒါန ​ နှစ်ထပ်ကျောင်း​ဆောင်သစ် ​ပေးအပ်လှူဒါန်းပွဲ အခမ်းအနား တက်​ရောက်

ကျိုက်ထို ဩဂုတ် ၂၅

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦး​ဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများသည် ယမန်နေ့ နံနက်ပိုင်းက ကရင်ပြည်နယ်၊ ဇွဲကပင်ဆရာ​တော် ဗဟုဇနဟိတဓရ (ဓမ္မကထိက)၊ အဂ္ဂမဟာ သဒ္ဓမ္မ​ဇောတိကဓဇ၊ ဘဒ္ဒန္တကဝိဓဇ ဆရာ​တော်ကြီးမှ ​ကျပ်သိန်း(၃၄၆၅)ဖြင့် ဆောက်လုပ်လှူဒါန်းသည့် ကျိုက်ထိုမြို့နယ်၊ ကျူ​ချောင်​ကျေးရွာ အ​ခြေခံပညာအထက်​တန်းကျောင်းရှိ (၂၄၀× ၄၀) ​ပေ Steel Structure ပညာဒါန ​ နှစ်ထပ်ကျောင်း​ဆောင်သစ် ​ပေးအပ်လှူဒါန်းပွဲ အခမ်းအနားသို့ တက်​ရောက်ခဲ့ပါသည်။

ရှေးဦးစွာ အခမ်းအနားကို န​မောတဿ သုံးကြိမ်ရွက်ဆို ဘုရားကန်​တော့ဖွင့်လှစ်ပြီး ဆရာ​တော်၊ သံဃာတော် အရှင်သူမြတ်များထံ ငါးပါးသီလ ခံယူ​ဆောက်တည်​၍ ​​ဆောက်လုပ်လှူဒါန်းသည့် ကျောင်း​ဆောင်သစ်အား ပညာ​ရေးဌာနသို့ လွဲ​ပြောင်းအပ်ခဲ့ပြီး ဇွဲကပင်​ဆရာ​တော် အဂ္ဂမဟာ သဒ္ဓမ္မ​ဇောတိကဓဇ၊ ဘဒ္ဒန္တကဝိဓဇ ဆရာ​တော်ကြီးထံသို့ ဂုဏ်ပြုမှတ်တမ်းလွှာအား ဆက်ကပ် ပူ​ဇော်ကာ ခရိုင်ပညာ​ရေးမှူးနှင့် ​ကျောင်းအုပ်ဆရာမကြီးတို့မှ ​ကျေးဇူးတင် ဝမ်း​မြောက်စကား ​ပြောကြားခဲ့ပါသည်။

ထို့​နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးတို့မှ ကျောင်းသား၊ ကျောင်းသူများအတွက် ကိုယ်လက်လှုပ်ရှားအားကစား​ လုပ်​ဆောင်နိုင်ရန် အားကစားပစ္စည်းများနှင့် ကိုဗစ်-၁၉ ကာကွယ်​ရေးသုံးပစ္စည်းများ ​ထောက်ပံ့​ပေးအပ်ကာ ဆရာ​တော်ကြီးထံ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆိပ္ဖူးတောင် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းသို့ ရောက်ရှိပြီး ဆရာတော်ကို ဖူးမျှော်ကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကာ ဘုန်းတော်ကြီးသင်ကျောင်း၌ အခြေခံပညာမူလတန်း၊ အလယ်တန်းနှင့်အထက်တန်းကျောင်းများ ဖွင့်လှစ်၍ ပညာသင်ကြားနေမှု အခြေအနေများကို မေးမြန်းလျှောက်ထားပြီး အားကစားပစ္စည်းများနှင့် ကိုဗစ်- ၁၉ ကာကွယ်​ရေးသုံးပစ္စည်းများ ​ထောက်ပံ့​ပေးအပ်ခဲ့‌ကြောင်း သိရသည်။

၀င်းမောင်(ပြန်/ဆက်)