စမ်းချောင်း သြဂုတ် ၂၅
ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသက်(၁၈)နှစ်နှင့်အထက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသူ ပြည်သူများအား မုန့်လုပ်ဆောင်းကုန်း/ တောင်ရပ်ကွက်၊ ဟံသာဝတီလမ်းရှိ အထက(၁)ကျောင်းဝင်း အတွင်းတွင် ယနေ့နံနက် (၉)နာရီက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံသူ (၂၀)ဦး၊ ဒုတိယ အကြိမ်ထိုးနှံသူ (၃၀)ဦးနှင့် Booster Dose ထိုးနှံသူ (၇၀)ဦး စုစုပေါင်းကိုဗစ်- ၁၉ ကာကွယ် ဆေးထိုးနှံသူ (၁၂၀)ဦးအား ထိုးနှံပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကာကွယ်ဆေးထိုးနှံသူများအား ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပြီးမှသာ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံရာနေရာတွင် မလိုလားအပ်သော ပြဿနာ တစ်စုံတစ်ရာမရှိစေရေးအတွက် စမ်းချောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကြီးကြပ်၍ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ မိမိခိုင်နှင့် ဝန်ထမ်းများ၊ မြို့နယ် ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ စေတနာရှင် Volunteer များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဆေးထိုးလာသူ မိဘပြည်သူများအား ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခင်ငြိမ်းချမ်းဝင်း