ပိုင်ကျုံမြို့ လူထုအခြေပြုဗဟိုဌာန၌ ကျောင်းပိတ်ရက်တွင် ကျောင်းသားလူငယ်များ လက်မှုပညာ ဖွံ့ဖြိုးတိုးတက်ရေး စက္ကူခေါက်ပြိုင်ပွဲများပြုလုပ်

ပိုင်ကျုံ  ဩဂုတ် ၂၅

ကရင်ပြည်နယ်၊ ဘာအံခရိုင်၊ ပိုင်ကျုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသားလူငယ်များအနေဖြင့် အဖိတ်/ဥပုသ်ကျောင်းပိတ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရေး၊ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်‌ရေး၊ လက်မှုပညာဖွံ့ဖြိုးတိုးတက်‌စေရေးနှင့် စိတ်အပန်းဖြေပျော်ရွှင်စေရန် ရည်ရွယ်၍ ယနေ့မွန်းလွဲ ၁ နာရီက ပြိုင်ပွဲများ  ဆောင်ရွက်ပေးခဲ့သည်။

ကျောင်းပိတ်ရက်များတွင် လူထုအခြေပြုဗဟိုဌာန ကလေးစာဖတ်ခန်းသို့ ပုံမှန်လာရောက် လေ့လာကြသည့် ပိုင်ကျုံမြို့အမှတ်()ရပ်ကွက်မှ ကျောင်းသားလူငယ်များများအား ပိုင်ကျုံမြို့ ပြန်/ဆက်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်‌နော်ခူးခူးက လက်မှုပညာများဖြစ်သည့် ရောင်စုံစက္ကူဖြင့် ရောင်စုံဘောလုံးခေါက်ပြိုင်ပွဲနှင့် စိန်ပွင့်ပုံစံခေါက်ပြိုင်ပွဲများ ဆောင်ရွက်ပေးလျက်ရှိရာ ကျောင်းသား/သူ စုစုပေါင်း(၁၂)ဦးတို့မှ ပျော်ရွှင်စွာပါဝင်ယှဉ်ပြိုင်ကြပြီး လာရောက်ယှဉ်ပြိုင်ကြသည့် ကျောင်းသားလူငယ်များအား  အမှတ်တရလက်ဆောင်အဖြစ် ဗလာစာအုပ်များ ပေးအပ်ကာ အာဟာရမုန့်များ ကျွေးမွေးခဲ့ပြီး ပြိုင်ပွဲများကို အပတ်စဉ်‌ကျောင်းပိတ်ရက်များတွင် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

နော်ခူး(ပြန်/ဆက်)