အလုံမြို့နယ် အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်း၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ဆောင်ရွက်

အလုံ သြဂုတ် ၂

ကျောင်းသား၊ ကျောင်းသူများ ခြင်ကြောင့်ဖြစ်ပေါ်တတ်သော သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် အမှတ်() အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့ နံနက် ၉ နာရီက ခြင်ဆေးဖျန်းခြင်း၊ အဘိတ်ဆေးခတ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် အလုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့၊ ပရဟိတအဖွဲ့များမှ  ကျောင်း ဆောင်များအတွင်းသို့  ခြင်ဆေးဖြန်းခြင်း၊ ခြင်ခိုအောင်းနိုင်သော နေရာများဖြစ်သည့်  ရေစည်၊ ရေအိုးများအတွင်းသို့ အဘိတ်ဆေးခတ်ခြင်းများကို  ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

တင်တင်ချို (ပြန်/ဆက်)