နောင်ချိုမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ပလတ်စတစ်သုံးစွဲမှု လျှော့ချရေး အသိပညာပေးဆွေးနွေးပွဲTalk Show ပြုလုပ်ဆောင်ရွက်

နောင်ချို   ဩဂုတ် ၂၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပလတ်စတစ်သုံးစွဲခြင်းကြောင့် ရင်ဆိုင်ကြုံတွေ့ရမည့် ဆိုးကျိုးအန္တရာယ်များ အကြောင်းကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ရည်ရွယ်၍ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး  အသိပညာပေး   Talk Show  ဆွေးနွေးပွဲကို ယမန်နေ့နံနက်(၁၀)နာရီ အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ  Talk Show ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းထွေးက ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေး Talk Show ဆွေးနွေးပွဲ ဆောင်ရွက်ရခြင်း ရည်ရွယ်ချက်ကို ပြောကြားခဲ့ပြီးနောက် ဆက်လက်၍ ဆွေးနွေးရာတွင် ပလတ်စတစ် အသုံးပြုနေမှုများ၊ စွန့်ပစ်ပလတ်စတစ်များ၏ အကြောင်းတရားများနှင့် အရင်းအမြစ်များ၊ ရေနေသတ္တဝါများအား ခြိမ်းခြောက်မှု၊ ပလတ်စတစ် အသုံးပြုမှုလျော့ချခြင်း အကြောင်းအရာများကိုလည်းကောင်း၊  ဆက်လက်၍ ဒုတိယဦးစီးမှူး ဒေါ်အိအိစိုးက ပလတ်စတစ်ညစ်ညမ်းမှု အန္တရာယ်ကြိုတင်ကာကွယ်မှု အစီအမံများ ပြုလုပ်ရန် အကြောင်းကိုလည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ နောင်ချိုမြို့နယ်ရုံးအနေဖြင့်  ပြည်သူများ အသိပညာဗဟုသုတများ တိုးပွားစေရန်ရည်ရွယ်၍ အသိပညာပေးTalk Show ဆွေးနွေးပွဲများကို  သက်ဆိုင်ရာ နေ့ထူးနေ့မြတ်များအလိုက် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ချိတ်ဆက်၍  Online မှတစ်ဆင့်ရိုက်ကူး ထုတ်လွှင့် ပေးလျက်ရှိကြောင်း သိရသည်။

ထွေးငယ်(နောင်ချို၊ပြန်/ဆက်)