လွယ်စန့်ကျေးရွာ အ.မ.ကတွင် ကျောင်းသား/ကျောင်းသူများကို အသိပညာပေးဟောပြော၍ ရွေ့လျားစာကြည့်တိုက် ဆောင်ရွက်

နမ့်စန်() ဒီဇင်ဘာ ၁၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဆောင်ရွက်သည့် အသိပညာပေးဟောပြောပွဲကို ယမန်နေ့ညနေ ၂နာရီက နမ့်လစ်ကျေးရွာအုပ်စုရှိ လွယ်စန့်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင်ဆောင်ရွက်ခဲ့ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်လဲ့မာနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မေပြုံးပွင့်အောင်က ပလတ်စတစ်၏ဆိုးကျိုးများနှင့် ပလတ်စတစ်သုံးစွဲမှုလျော့နည်းစေရေးကိုဟောပြောခဲ့ပြီး စာကြည့်တိုက်မှူး ဒေါ်စုလှိုင်ဝင်းက ကျောင်းသား/ကျောင်းသူများအတွက် အသိပညာပေ ပုံပြင်များ ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက ဆရာ/ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများကို ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်း၊ စာဖတ်ဝိုင်းဆောင်ရွက်ခြင်း များ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ငြိမ်းချမ်းအောင်(နမ့်စန်)