ကျိုင်းလပ်မြို့ အခြေခံပညာမူလတန်းကျောင်း(ကျက)၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ ကျင်းပ

ကျိုင်းလပ် ဒီဇင်ဘာ ၁၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၌ ကျောင်းသား/ကျောင်းသူများ ဗလငါးတန်နှင့်ပြည့်စုံစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် (၁၀)နာရီက အခြေခံပညာမူလတန်းကျောင်း(ကျက)၌  ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ဟောပြောပွဲတွင် ကျိုင်းလပ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး၊ ဒေါ်စန်းစန်းမြင့်က ကျောင်းသား/ကျောင်းသူများအနေဖြင့် ကျောင်းစာအပြင်  ပြင်ပဗဟုသုတများရရှိစေခြင်းနှင့် ဗလငါးတန်ဖွဲ့ဖြိုးတိုးတက်စေရန် ဗလငါးတန်အကြောင်းကိုလည်း အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့ပြီး “လူငယ်နှင့်စာဖတ်ခြင်း”ခေါင်းစဉ်မှ စာဖတ်ခြင်းကြောင့် ရရှိနိုင်သည့် အကျိုးအကျေးဇူးများနှင့် အသိပညာဗဟုတများကို ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် ဓာတ်ပုံနှင့် နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြောင်း သိရသည်။

စန်းစန်းမြင့်(ပြန်/ဆက်)