ဆီဆိုင် ဒီဇင်ဘာ ၁၀
ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံများ ဖွင့်လှစ်ထားသည့် အခြေခံပညာကျောင်းများအား ယနေ့ နံနက်ပိုင်းတွင် မြို့နယ်မီးသတ်ဦးစီးဌာနက မီးဘေးလုံခြုံရေးစစ်ဆေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းတို့ ဆောင်ရွက်လျက်ရှိသည်။
ထို့သို့ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်မျိုးလှိုင်နှင့်တပ်ဖွဲ့ဝင်များက မဲရုံများဖွင့်လှစ်ထားရှိသည့် အခြေခံပညာကျောင်းများအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုများ၊ မီးလောင်မှုမဖြစ်ပွားစေရန် ဆောင်ရွက်ရမည့်နည်းလမ်းများ၊ မီးသတ်ဆေးဗူးများအသုံးပြုပုံတို့ကို တာဝန်ရှိသူများအား အသိပညာပေးရှင်းလင်းပြောကြားပြီး ဦးစီးအရာရှိနှင့်တပ်ဖွဲ့ဝင်များ၊ အရန်တပ်ဖွဲ့ဝင်များမှ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရန်အတွက် မီးငြိမ်းသတ်ယာဉ်ဖြင့် ဇာတ်တိုက်လေ့ကျင့်ခြင်းကို လက်တွေ့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)