ပေါက်ခေါင်းမြို့နယ်၌ မိုးနှောင်းဝါနှင့်နေကြာများ ဖြစ်ထွန်းအောင်မြင်လျက်ရှိ

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း စိုက်ပျိုးထားသော မိုးနှောင်းဝါနှင့်နေကြာများ ဖြစ်ထွန်းအောင်မြင်လျက်ရှိကြောင်း သိရသည်။

မိုးညိုမြို့နယ်ကျန်းမာ‌ရေးဦးစီးဌာနမှ ကျေးရွာများသို့ ကျန်းမာ‌ရေးစောင့်ရှောက်မှုများ ကွင်းဆင်း‌ဆောင်ရွက်

ကျန်းမာရေးဝန်ကြီးဌာန၏ ကျေးလက်ဒေသအောက်‌ခြေထိ ကျန်းမာရေးအသိပညာပေးခြင်း၊ ရောဂါကာကွယ်တားဆီးခြင်း၊ ရောဂါဖြစ်ပွားလျှင် ထိ‌ရောက်စွာကုသမှုပေးခြင်း စသည့်ရည်မှန်းချက်များဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်အတွင်းရှိ ထွဋ်မြတ် RHC ၊ လေးလံ SC နှင့် ပိုးစာကုန်းဘုန်းတော်ကြီးကျောင်းတို့၌ မြို့နယ်ကျန်းမာ‌ရေးဦးစီးဌာနမှ ကျန်းမာရေးစောင့်ရှောက်မှုများ ကွင်းဆင်း‌ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စလင်းမြို့နယ် တောင်သီတပ်ရပ်အခြေခံပညာမူလတန်းကျောင်း၌ ကျောင်းအခြေပြု တီဘီရောဂါ ကွင်းဆင်းရှာဖွေခြင်းအစီအစဥ်များ ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့၊ ပေါင်းနားရပ်ကွက်၊ တောင်သီတပ် အခြေခံပညာမူလတန်းကျောင်း၌ ကျန်းမာရေးဝန်ကြီးဌာန၏  အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးစီမံကိန်း ကျောင်းအခြေပြု တီဘီရောဂါကွင်းဆင်းရှာဖွေစစ်ဆေးခြင်းလုပ်ငန်းအစီအစဥ်အရ တီဘီရောဂါစစ်ဆေးရှာဖွေခြင်းလုပ်ငန်းကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်ကျန်းမာရေးဦးစီးဌာနမှဦးဆောင်၍ လိုက်လံဆောင်ရွက်ခဲ့ကြောင်း  သိရသည်။

(၇၇) နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၂၄) ကျင်းပ

၂၀၂၅ ခုနှစ်၊ (၇၇) နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၄) ကို ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန်က ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ခိုလမ်မြို့၊ အ.မ.က(နောင်ပိန်)ကျောင်းတွင် လူငယ်နှင့်စာပေ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အခြေခံပညာမူလတန်းကျောင်း(နောင်ပိန်)တွင် "လူငယ်နှင့်စာပေ"အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်း (၂)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း “ရော်ဘာကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့ ဝိုင်းဝန်းကူညီကြိုးစားစို့” ခေါင်းစဉ်ဖြင့်ပြုလုပ်သည့် မွန်ပြည်နယ် ရော်ဘာအလုပ်ရုံဆွေးနွေးပွဲအခမ်းအနား တက်ရောက်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် မြန်မာနိုင်ငံ၏ အဓိကစက်မှုကုန်ကြမ်းထွက်ကုန်တစ်ခုဖြစ်သည့် ရော်ဘာကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုပေးနိုင်စေရန်ရည်ရွယ်၍ “ရော်ဘာကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့ ဝိုင်းဝန်းကူညီကြိုးစားစို့” ခေါင်းစဉ်ဖြင့်ပြုလုပ်သည့် မွန်ပြည်နယ် ရော်ဘာအလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ရာမညဟိုတယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ မွန်ပြည်နယ်ရော်ဘာလုပ်ငန်းရှင်များနှင့် ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများ တက်ရောက်ခဲ့သည်။

မိုးနဲမြို့နယ်၌ ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်ပျက်စီးလယ်‌မြေဧရိယာများတွင် ကြက်သွန်ဖြူစိုက်ပျိုးနေမှုအား တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်တွင် ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သော လယ်ဧရိယာနေရာများတွင် ကြက်သွန်ဖြူအစားထိုးပြန်လည်စိုက်ပျိုးနေမှုနှင့် ဆောင်းသီးနှံနေကြာနှင့် ဆီပဲပုပ်စိုက်ခင်များကို ရှမ်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက ယမန်နေ့နံနက် ၁၀ နာရီ အချိန်တွင် ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ရှိ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)၊ အနုပညာခန်းမ၌ ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က စုပေါင်းကာကွယ် မီးခိုးမြူငွေ့အန္တရာယ်၊ အမျိုးသမီးများနှင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု စသည့်အကြောင်းအရာများ အသိပညာပေး ဟောပြောပွဲကျင်းပခဲ့သည်။

ရန်ကင်းမြို့နယ်၌ မြို့နယ်အဆင့်ဌာနဆိုင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ကျင်းပသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ပျဉ်းမနားမြို့နယ်နှင့် လယ်ဝေးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် ပျဉ်းမနားမြို့နယ်နှင့် လယ်ဝေးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆးခဲ့သည်။
Subscribe to