ပြင်ဦးလွင်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲကျင်းပ

ပြင်ဦးလွင် ဩဂုတ် ၃၀

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာန တို့ပူးပေါင်းကျင်းပသည့် စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်း (၁) နာရီက အမှတ် (၃) အခြေခံပညာအလယ်တန်းကျောင်းရှိ ပညာရတနာ ခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား / ကျောင်းသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ငုချိုချိုကျော်မှ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲတွင် ကျောင်းသား /ကျောင်းသူများအား စာပေမှရရှိသည့် အကျိုးကျေးဇူးများနှင့် သိကောင်းစရာများ၊ ကျန်းမာရေးသိကောင်းစရာများနှင့် အခြားဗဟုသုတများစွာ စသည့်တို့ကို ဟောပြောဆွေးနွေးခဲ့ရာ ကျောင်းသား/ကျောင်းသူများက စိတ်ဝင်တစား လေ့လာမှတ်သားခဲ့ကြသည် ။

ဆက်လက်ပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/ ကျောင်းသူများအား ဗဟုသုတများစွာရရှိရန်ရည်ရွယ်ပြီး နံရံကပ်စာစောင်ပြဘုတ်များနှင့် စာအုပ်၊ စာပေများကို ခင်းကျင်းပြသရာ ကျောင်းသား/ကျောင်းသူများက စိတ်ဝင်တစား ကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။

ဇော်မျိုးထိုက်