အခြေခံပညာကျောင်းများ၌ အသိပညာပေး ဟောပြော

သံတွဲ ဩဂုတ် ၃၀

သံတွဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် အခြေခံပညာကျောင်းများ၌ အသိပညာပေးအစီအစဉ် (quick-win Project) ဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ လူမှုဝန်ထမ်းဦးစီးဌာန၊ တောင်ကုတ်မြို့နယ်ရုံးမှ ဦးစီးအရာရှိဒေါ်ဆွေဆွေတင့်က ကလေးသူငယ်အခွင့်အရေးဆိုင်ရာများ၊ မူးယစ်အန္တရာယ်ဆိုင်ရာများ၊ လူကုန်ကူးမှုအန္တရာယ်ကြိုတင် ကာကွယ်ရေးဆိုင်ရာများ၊ မိုင်းအန္တရာယ်ဆိုင်ရာ သိကောင်းစရာများကိုလည်းကောင်း ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သူဇာမြင့်က သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာများကို အသိပညာပေးဟောပြောခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများနှင့် အပြန်အလှန် အသိပညာပေးဆွေးနွေးခဲ့သည်။

ဟောပြောပွဲအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ပြုလုပ်ရာ ကျောင်းသား၊ ကျောင်းသူလေးများ လာရောက်လေ့လာ ကြည့်ရှုကြပြီး ဦးစီးအရာရှိဒေါ်လဲ့လဲ့ဝင်းက နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲဆောင်ရွက်ရသည့် ရည်ရွယ်ချက်များကိုရှင်းလင်း ပြောကြားခဲ့သည်။

ခရိုင် (ပြန်/ဆက်)