မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း ပြည်နယ်ဝန်ကြီးချုပ် ဖလား (၁၀) မြို့နယ် အသက်(၂၅)နှစ်အောက် အမျိုးသား/ အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲ ဆု​​ချီးမြှင့်ပွဲအခမ်းအနား တက်​ရောက်

မော်လမြိုင် စက်တင်ဘာ ၁

၂၀၂၂ ခုနှစ်၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား (၁၀) မြို့နယ် အသက်(၂၅)နှစ်အောက် အမျိုးသား/ အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲ ဆု​​ချီးမြှင့်ပွဲအခမ်းအနားကို ၂၀၂၂ ခုနှစ်၊ ယမန်နေ့နေ့၊ ည​နေပိုင်းက မော်လမြိုင်မြို့၊ ​ရာမည အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ​အားကစားဝါသနာရှင်များ၊ ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ခဲ့သည်။

ထို့နောက် ပြိုင်ပွဲဝင်အသင်းများ၏ အားကစားများ ယှဉ်ပြိုင်​နေမှုအား ကြည့်ရှုအား​ပေးပြီး အမျိုးသား၊ အမျိုးသမီး မီတာ (၃၀၀၀၊ ၁၅၀၀၊ ၈၀၀၊ ၄၀၀၊ ၂၀၀) အ​ပြေးပြိုင်ပွဲများ၊ လက်ဆင့်ကမ်း၊  အလျားခုန်၊ သုံးဆင့်ခုန်၊ သံလုံးပစ်၊ သံပြား ဝိုင်းပစ်၊ လှံတံပစ် စသည့် အားကစားနည်းအလိုက် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိကြသည့် အ​ကောင်းဆုံး အားကစားသမားများနှင့် ပြိုင်ပွဲဝင် အသင်းများအားလည်း​ကောင်း၊ ပြိုင်ပွဲအလိုက် အမှတ်အများဆုံးရရှိသည့် မြို့နယ်အသင်းများအားလည်း​ကောင်း ပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီးများမှ ဆုတံဆိပ်၊ ​ငွေသားဆုနှင့် တံခွန်စိုက်ဒိုင်းဆုတို့အား ချီးမြှင့်ခဲ့ကြသည်။

ခင်စန်းမြင့် (ခရိုင်ပြန်/ဆက်)