သံတွဲမြို့၌ အသိပညာပေး နံရံကပ်စာစောင် ပြသ

သံတွဲ စက်တင်ဘာ ၁

ရခိုင်ပြည်နယ်၊ သံတွဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းများ၊ အသိပညာ​ပေးဟော​ပြောပွဲများ၊ ပြပွဲပြိုင်ပွဲများ ကျင်းပပေးလျက်ရှိရာ ဦးစီးဌာန မြေစိုက်ဘုတ်၌ အသိပညာပေးနံရံကပ်စာစောင် ပြသခြင်းကို ယမန်နေ့က ပြုလုပ်ခဲ့ပါသည်။

အဆိုပါနံရံကပ်စာစောင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်များ၊ နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသည့် ဝန်ကြီးဌာနအသီးသီးမှ အလုပ်ခေါ်ကြော်ငြာများ၊ မျောက် ကျောက်ရောဂါအကြောင်း၊ ရင်သွေးငယ်များ ယဉ်ကျေးလိမ္မာစေရန် လက်ဆင့်ကမ်း သွန်သင်ဆုံးမပေးကြပါစို့၊ ငလျင်ဘေးအန္တရာယ်နှင့်ပတ်သက်၍ လိုက်နာဆောင်ရွက်နိုင်ရန် ပြည်သူသို့ အသိပေးနှိုးဆော်ခြင်း ဆောင်းပါးများ၊ ဆောက်လုပ်ရေး တင်ဒါကြော်ငြာများနှင့် သံတွဲခရိုင် လူထုအခြေပြုဗဟိုဌာန(Community Centre)၏ လှုပ်ရှားမှုမှတ်တမ်း ဓာတ်ပုံများကို ပြသပေးခဲ့ရာ ပြည်သူများ စိတ်ပါဝင်စားစွာ လာရောက်ကြည့်ရှုခဲ့ကြပါသည်။

စန္ဒာကြည်(ခရိုင်၊ ပြန်ဆက်)