ခမောက်ကြီးမြို့ ဓမ္မာရုံဖြစ်မြောက်ရေး ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများ အကောင်ထည်ဖော်ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် ခမောက်ကြီးမြို့မှ စေတနာရှင်မိသားစုတစ်စုမှ လှူဒါန်းခဲ့သော ဓမ္မာရုံမြေနေရာတွင် မြို့ဓမ္မာရုံဖြစ်တည်ဆောက်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများအား မြို့ဓမ္မာရုံဖြစ်မြောက်ရေးအဖွဲ့နှင့် ဌာန ဆိုင် ရာအဖွဲ့အစည်းများပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။

မိုးသက်လေပြင်းတိုက်ခတ်၍ နေအိမ် တစ်လုံးပြိုကျပျက်စီးခဲ့ရသော လေဘေးသင့် အိမ်ထောင်စုအား ထောက်ပံ့ငွေနှင့်ပစ္စည်းများပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ စစ်ပင်ကြီးကျေးရွာအုပ်စု၊ စစ်ပင်ကြီးကျေးရွာတွင် ဩဂုတ်လ ၂၇ ရက်နေ့ ည ၁၁ နာရီခွဲအချိန်က မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ဦးမောင်မောင်ဝင်း နေအိမ်ပြိုကျပျက်စီးခဲ့ရသည့် အိမ်ထောင်စုအား မြို့နယ် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနမှ

ညောင်တုန်းမြို့နယ်တွင် မြို့နယ်အဆင့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများတွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

မင်းလှမြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) နှင့် Cash For Work စီမံကိန်း ရန်ပုံငွေလွှဲပြောင်းပေးအပ်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP) နှင့် Cash For Work စီမံကိန်း ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲကို ယမန်နေ့ နေ့လယ် ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က အဖွင့်အမှာစကားပြောကြားပြီး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးဝေလင်းမောင်က ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP)နှင့် Cash For Work စီမံကိန်း ရန်ပုံငွေလွှဲပြောင်းပေးအပ်မှုများကို ရှင်းလင်းပြောကြားခဲ့သည်။

တနင်္သာရီမြို့နယ် မြန်မာ့စီးပွါးရေးဘဏ်၌ ဩဂုတ်လတွင် အငြိမ်းစားပင်စင်စား(၂၂၈)ဦးအား ပင်စင်လစာထုတ်ပေးနိုင်ခဲ့

 တနင်္သာရီတိုင်းဒေသကြီး၊  တနင်္သာရီမြို့နယ် မြန်မာ့စီးပွါးရေးဘဏ်တွင်၂၀၂၂ခုနှစ်၊ ဩဂုတ်လအတွက် အငြိမ်းစား ပင်စင်လစာငွေများကို ဩဂုတ်လ(၂၂ရက်မှ၃၁ရက်)လကုန်ရက်အထိ အငြိမ်းစားပင်စင်စား(၂၂၈)ဦး၏ ပင်စင်လစာ ငွေ(၄၆၅,၄၅၈၁၁/၀၅)ကျပ်တိတ်ိကို အေးချမ်း စွာ ထုတ်ပေးနိုင်ခဲ့ကြောင်း မြန်မာ့စီးပွါးရေးဘဏ်မှ သိရသည်။   

ဘားအံ၌ ဥပဒေရေးရာဝန်ကြီးဌာန နှစ်ပတ်လည်နေ့အခမ်းအနားကျင်းပ

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ဥပဒေရေးရာဝန်ကြီးဌာန၏ နှစ်ပတ်လည်အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီခန့်က ပြည်နယ်ဥပဒေချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ပန်းတနော်မြို့နယ်တွင် ကွန်ကရစ်လမ်းခင်းနေမှုအခြေအနေအား ကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ်တွင် တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေဖြင့် ကွန်ကရစ်လမ်း ခင်းနေမှုအခြေအနေအား ယမန်နေ့ နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များမှ သွားရောက်ကြည်ရှု စစ်ဆေးခဲ့သည်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုပေးအပ်ချီးမြှင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက်

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ (၂၃)ကြိမ်မြောက်  မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၁)နာရီ အချိန်က မကွေးမြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးလေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ် ဝင်းမောင်သိန်း၊ တရားသူကြီးချုပ် ဦးစိန်ထွန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သည့် ကျောင်းသား/သူများနှင့် ဝါသနာရှင်များ တက်ရောက် ခဲ့ကြောင်း သိရသည်။
Subscribe to