မြောင်းမြမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်း Software Program ထည့်သွင်းခြင်း လုပ်ငန်းများ လျာထားချက်အတိုင်း အချိန်မီပြီးစီးရေး ဆောင်ရွက်

မြောင်းမြ စက်တင်ဘာလ ၁

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ-၆၆/) များအား Software  Program ဖြင့် ထည့်သွင်းဆောင်ရွက်နေမှု လုပ်ငန်းအား  လျာထားချက်အတိုင်း အချိန်မီပြီးစီးရေးကို နေ့စဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများတွင် မဲဆန္ဒရှင်စာရင်းများ တိကျမှန်ကန်စေရေးနှင့် အိမ်ထောင်စု လူဦးရေစာရင်း(ပုံစံ-၆၆/)များ တိကျမှန်ကန်မှုရှိစေရေးအတွက် မြို့နယ်အတွင်းရှိ အိမ်ထောင်စု လူဦးရေစာရင်းများကို e - ID စနစ်ဖြင့် Software  အသုံးပြုကာ Database ထည့်သွင်းသည့် လုပ်ငန်းများ ဆောင်ရွက်နေမှုကို သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်နေခြင်း ဖြစ်သည်။

မြောင်းမြမြို့နယ်တွင် အဆိုပါလုပ်ငန်းများ ဆောင်ရွက်နေမှုကို ဇူလိုင် ၁၈ ရက်နေ့မှ စတင်၍ ဆောင်ရွက်ခဲ့ပြီး၊ ရက်ပေါင်း(၆၀)အတွင်း အိမ်ထောင်စုပေါင်း (၉၄,၆၃၇)စုကို ပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ပြီး ယနေ့အထိ အိမ်ထောင်စုပေါင်း ထည့်သွင်းပြီးစီးမှုမှာ (၅၀,၇၁၈)စု ရှိပြီး၊  ပြီးစီးမှုရာခိုင်နှုန်း (၅၃.၅၉%) ပြီးစီးကြောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြောင်းမြမြို့နယ်  ဦးစီးမှူးထံမှ  သိရသည်။

မြောင်းမြခရိုင်

(ပြန်/ဆက်)