ညောင်ဦး စက်တင်ဘာ ၁
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ဘုရားနီးလမ်းဆုံတွင် ယနေ့နံနက် ၇ နာရီအချိန်မှ စတင်ပြီး၂၀၂၀ ပြည့်နှစ် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေပါ အချက်များအား ရှင်းလင်းအသိပညာပေးခြင်းနှင့် လက်ကမ်းစာဆောင်များ ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
၂၀၂၀ ပြည့်နှစ် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေပါ အချက်များအား ပြစ်မှုပြစ်ဒဏ်များနှင့်အတူ ရှင်းလင်းအသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေး ခြင်းအား ညောင်ဦးမြို့နယ်၊ မြို့မစခန်းမှ ဒုရဲအုပ်ဝင်းထွဋ်ဝင်း၊ ညောင်ဦးမြို့နယ် အမှတ် (၉၃) ယာဉ်ထိန်းတပ်ဖွဲ့စုမှ ဒုရဲအုပ်ဝိုင်းအောင်ချစ်နှင့် တပ်ဖွဲ့ဝင်များက မော်တော်ဆိုင်ကယ်/ မော်တော် ယာဉ်မောင်းသူများအား ဝန်ပိုတင်ခြင်း၊ အပိုမီး/ မီးတန်း တပ်ဆင်မောင်းခြင်း၊ ယာဉ်မောင်းစဉ် လက်ကိုင်ဖုန်း အသုံးပြုမောင်းခြင်း၊ နောက်ကြည့်မှန်/ အိတ်ဇောအသံထိန်း ကိရိယာမပါပဲ မောင်းခြင်း၊ ရှေ့မီးအနိမ့်အား အချိန်တိုင်းဖွင့်၍ မမောင်းခြင်း၊ စံချိန်စံညွှန်းကိုက်ညီသည့် မော်တော် ဆိုင်ကယ်စီးဦးထုပ်အား မေးသိုင်းကြိုးမသိုင်းပဲမောင်းခြင်း၊ နံပါတ်ပြားမတပ်ဆင်ပဲမောင်းခြင်း စသည့်ဥပဒေပါအချက်များအား ပြစ်မှု၊ ပြစ်ဒဏ်များနှင့်အတူ ရှင်းလင်းအသိပညာပေးခြင်း၊ မော်တော်ယာဉ်/ဆိုင်ကယ်မောင်းနှင်ရာတွင် လိုက်နာရမည့် စည်းကမ်းချက်များ ဖော်ပြပါရှိသည့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကိုကြေးမုံ