မြို့သစ် စက်တင်ဘာ ၁
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင် မြို့သစ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ စျေးအတွင်း အဆင့်မြင့်ပျံကျစျေး အဆောက်အဦသစ်ကို ဇူလိုင်လပထမအပတ်မှ စတင်ဆောက်လုပ်လျက်ရှိပြီး ယခုအခါ ရာခိုင်နှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ အဆောက်အဦသစ်ကို ၂၀၂၂/၂၀၂၃ ဘဏ္ဍာနှစ် တိုင်းဒေသကြီးအစိုးရ ငွေလုံးငွေရင်း ရန်ပုံငွေ (နှစ်ရာခြောက်ဆယ့်လေးသိန်းငါးသောင်း) အကုန်အကျခံ ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး အလျှားပေ(၁၀၀)၊ အနံ(၁၆)ပေ၊ အမြင့်(၁၀)ပေရှိကာ အခန်း(၂၀)ပါရှိကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးထံက သိရသည်။
စျေးအဆောက်အဦသစ် ဆောက်လုပ်ပြီးစီးပြီဖြစ်သဖြင့် စျေးရောင်း၊ စျေးဝယ်သူများ သန့်ရှင်းသပ်ရပ်စွာဖြင့် စျေးအရောင်း/အဝယ် ပြုလုပ်နိုင်ကာ စျေးသန့်ရှင်း သာယာလှပရေးကိုအ ထောက်အကူပြုပေးလာနိုင်တော့မည်ဖြစ်ကြောင်း သိသည်။
သန်းဝင်းထွန်း(ပြန်ဆက်)