သာပေါင်းမြို့နယ်တွင် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့မှ မြို့အဝင်ဂိတ်တွင် စစ်ဆေးခြင်းများဆောင်ရွက်

သာပေါင်း စက်တင်ဘာ ၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့တို့က ကြပ်မတ်စစ်ဆေးခြင်းများကို ယနေ့ စက်တင်ဘာလ ၁ ရက်နေ့ နံနက် ၉ နာရီ အချိန်မှ စတင်၍ ကွက်ပြင်ကျေးရွာအုပ်စု၊ ပိန္နဲကုန်းကျေးရွာရှိ မြို့အဝင်စစ်ဆေးဂိတ်တွင် ဆောင်ရွက်ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် သာပေါင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်ခိုင်စိုးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးအောင်ကျော်သိန်း၊ အဖွဲ့ဝင်(၂) ဦးကျော်တိုး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် ဌာနဆိုင်ရာများ၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ယာဥ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ တာဝန်ရှိသူများ၊ မြို့နယ်တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့ဝင်များ ပူးပေါင်း၍ ခရီးသွားပြည်သူများ နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်‌ဆောင်သွားလာကြရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးစီးကြောင်း သက်သေခံလက်မှတ် တပါတည်း ယူဆောင်လာကြရန်၊ တရားမဝင်ကုန်စည်များ ဖြန့်ဖြူးသယ်ယူ ပို့ဆောင်မှုမရှိစေရေး၊ အကောက်ခွန်မဲ့ပစ္စည်းများ သယ်ဆောင်ခြင်းမပြုရေး၊ တရားမဝင်ကုန်စည်များ ဝင်ရောက်မှုမရှိစေရေး စစ်ဆေးခြင်း၊ လိုင်စင်မဲ့ယာဥ်များ မှတ်ပုံတင်ဆောင်ရွက်ရေး၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနသို့ ဆက်သွယ်ဆောင်ရွက်ရန်၊ စီးနင်းသွားလာခြင်း မရှိစေရေး ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်းနှင့်၊ ပြည်သူများ ယာဥ်အန္တရာယ်ကင်းဝေးစေရေး စီစစ်အသိပညာပေးခြင်းများ၊ ပြည်သူများ အပြင်ထွက်ပါက နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်ပြီး သွားလာကြရန် အသိပညာပေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မျိုးဇော်သိန်း(ပြန်/ဆက်)