မြောင်းမြ စက်တင်ဘာ ၂
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်အတွင်းရှိ မြို့နယ်များတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု ကာကွယ်တားဆီးရေးအတွက် ကာကွယ်ဆေးထိုးနှံမှုများကို နေ့စဉ် ဆောင်ရွက်လျက်ရှိရာ ဩဂုတ်လအထိ အကြိမ်ပြည့် ကာကွယ်ဆေးထိုးနှံပြီးစီးသူ (၄၈၅၀၀၁)ဦး ရှိကြောင်း သိရသည်။
ထိုသို့ကာကွယ်ဆေး ထိုးနှံပေးရာတွင် မြောင်းမြ၊ အိမ်မဲ၊ ဝါးခယ်မမြို့နယ်အတွင်းရှိ အသက်(၁၈)နှစ်အထက် ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီးစီးသူ (၅၄၁၇၇၄)ဦး၊ အကြိမ်ပြည့် ထိုးနှံပြီးစီးသူ(၄၈၅၀၀၁)ဦး၊ အပိုဆောင်းကာကွယ်ဆေး ထိုးနှံပြီးစီးသူ (၃၃၅၂၁)ဦး ရှိကြောင်း သိရသည်။
မြောင်းမြခရိုင်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံနိုင်ရေးအတွက် ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များ၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေး ဦးစီးဌာနမှ ရပ်ကွက်၊ ကျေးရွာနှင့် ကျောင်းများအရောက် ကာကွယ်ဆေးထိုးနှံမှုများကို နေ့စဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)