မိုင်းဆတ်မြို့၊ အ.လ.က(ကာန)ကျောင်းတွင် စစ်တုရင်ကစားနည်းသင်တန်းဖွင့်လှစ်သင်ကြား

မိုင်းဆတ် စက်တင်ဘာ ၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၊ အ.လ.က(ကာန)ကျောင်းတွင် စစ်တုရင်ကစားနည်း သင်တန်းဖွင့်လှစ်သင်ကြားခြင်းကို အားကစားနှင့်ကာယပညာဦးစီးထာနမှ ဦးဆောင်၍ ယမန်နေ့ မွန်းလွဲ(၂)နာရီခွဲက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်တုရင်ကစားနည်းသင်တန်းကို မြို့နယ်အားကစားနှင့်ကာယပညာဦးစီးမှူး ဦးချစ်ကိုကို က ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ထက်မြက်စေရန် သင်ကြားခြင်းဖြစ်ကြောင်း၊ ခရိုင်/မြို့နယ် ကိုယ်စားပြုကစားသမားများ ပေါ်ထွန်းလာစေရေးအတွက် ကျောင်းသား၊ ကျောင်းသူများအား လေ့ကျင့်သင်ကြားပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။

ယင်းစစ်တုရင်ကစားနည်းသင်တန်းတွင် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာသင်ယူခဲ့ကြကြောင်း သိရသည်။

မြင့်မောင်(ပြန်/ဆက်)