မြောင်းမြမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်း Software Program ထည့်သွင်းခြင်း လုပ်ငန်းများ သတ်မှတ်ရက်အတွင်း အချိန်မီပြီးစီးရေး ဆောင်ရွက်

မြောင်းမြ စက်တင်ဘာ ၂

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ-၆၆/၆) များအား Software Program ဖြင့် ထည့်သွင်းဆောင်ရွက်နေမှု လုပ်ငန်းအား လျာထားချက်အတိုင်း အချိန်မီပြီးစီးရေးကို နေ့စဉ်ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် လူဦးရေ ၁၅၁၇ ထည့်သွင်းပြီးစီးကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများတွင် မဲဆန္ဒရှင်စာရင်းများ တိကျမှန်ကန်စေရေးနှင့် အိမ်ထောင်စု လူဦးရေစာရင်း(ပုံစံ-၆၆/၆)များ တိကျမှန်ကန်မှုရှိစေရေးအတွက် မြို့နယ်အတွင်းရှိ အိမ်ထောင်စု လူဦးရေစာရင်းများကို e - ID စနစ်ဖြင့် Software အသုံးပြုကာ Database ထည့်သွင်းသည့် လုပ်ငန်းများ ဆောင်ရွက်နေမှုကို သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်နေခြင်း ဖြစ်သည်။

မြောင်းမြမြို့နယ်တွင် အဆိုပါလုပ်ငန်းများဆောင်ရွက်နေမှုကို ဇူလိုင် ၁၈ ရက်နေ့မှစတင်၍ ဆောင်ရွက်ခဲ့ပြီး၊ ရက်ပေါင်း(၆၀)အတွင်း အိမ်ထောင်စုပေါင်း (၉၄၆၃၇)စုကို ပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ပြီး ယနေ့အထိ ထည့်သွင်းပြီးစီးမှု အိမ်ထောင်စုပေါင်းမှာ (၅၂၂၃၅)စု ရှိပြီး၊ ပြီးစီးမှုရာခိုင်နှုန်း(၅၅.၀၄%) ပြီးစီးကြောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြောင်းမြမြို့နယ် ဦးစီးမှူးထံမှ သိရသည်။

ခရိုင်(ပြန်/ဆက်)