ကမာရွတ် စက်တင်ဘာ ၃
ရန်ကုန်တိုင်းဒေသကြီး၊ စည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဠ(မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယမြို့တော်ဝန်၊ အတွင်းရေးမှူး၊ ကော်မတီဝင်များ၊ ဌာနမှူးများနှင့်အတူ ယနေ့နံနက်ပိုင်းက ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ် အမှတ်(၇)ရပ်ကွက်ရှိ စည်ပင်ရဲဝင်းရှိအိမ်ရာဝင်းအတွင်း၌ တိရစ္ဆာန်ကုသရေးဌာနနှင့် ပတ်ဝန်းကျင် သန့်ရှင်းရေးဌာနတို၏ စီစဉ်မှုဖြင့် ရွေ့လျားစျေးကား (Mobil Market) စနစ်ဖြင့် ကုန်စိမ်း၊ ကုန်ခြောက်မျိုးစုံ၊ အသားမျိုးစုံနှင့် ငါး/ပုဇွန် အမျိုးမျိုးတို့ကို စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရှိရပါသည်။
စိမ်းလဲ့(ပြန်ဆက်)