အင်းစိန်မြို့နယ်၊ ဆယ်မိုင်စျေးတွင် Mask Campaign ဆောင်ရွက်

ရန်ကုန် စက်တင်ဘာ ၅

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်​မြို့နယ်၌ ပြည်သူများ ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်နိုင်စေရန်ရည်ရွယ်၍ ဆယ်မိုင်ကုန်းစျေးတွင် Mask Campaign ဆောင်ရွက်ခြင်းကို ယမန်နေ့ကနံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးနှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင် တာဝန်ရှိသူများက ဆယ်မိုင်စျေးတွင် စျေးဝယ်လာသူများနှင့် စျေးရောင်းချနေသူများကို ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက်  နေအိမ်မှပြင်ပသို့ ထွက်ခွာတိုင်း ပါးစပ်/နှာခေါင်းစည်း Mask များကို စနစ်တကျတပ်ဆင်သွားလာရေး အသိပညာပေးခြင်း၊ ပါးစပ်/နှာခေါင်းစည်း Mask တပ်ဆင်ခြင်းမရှိသူများကို ပါးစပ်/ နှာခေါင်းစည်းများအခမဲ့ ဖြန့်ဝေငှခြင်းနှင့် ကိုဗစ်- ၁၉ ရောဂါအသိပညာပေးသိကောင်းစရာများကို အသံချဲ့စက်ဖြင့် နှိုးဆော်ခြင်းများကို ဆောင်ရွက်ခဲ့သည်။

အင်းစိန်မြို့နယ်အတွင်းရှိ ကျန်ရှိနေသော ရပ်ကွက်များနှင့်စျေးများကို ကိုဗစ်-၁၉ ရောဂါကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ကွင်းဆင်းထိုးနှံပေးခြင်း၊ နှာခေါင်းစည်း Mask များကို စနစ်တကျတပ်ဆင်သွားလာရေး အသိပညာပေးခြင်းတို့ကို တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဇွဲထက်ကို (ပြန်/ဆက်)