တောင်သာ စက်တင်ဘာ ၅
တောင်သာမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ပုံပြောပြိုင်ပွဲနှင့် စကားပုံချိတ်ဆက်ပြိုင်ပွဲကို ယနေ့နံနက်(၈)နာရီခွဲအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်မြင့်ကေခိုင်က ကျောင်းသား/ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတရရှိစေရန်၊ ကျောင်းသား/သူများ ယခုလိုပြိုင်ပွဲကျင်းပခြင်းကြောင့် အချင်းချင်းပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အထကောင်းများ ရရှိစေရန်၊ လူအများရှေ့တွင် ပြောရဲဆိုရဲသော အလေ့အကျင့်ကောင်းများရရှိလာစေရန် ရည်ရွယ်၍ ယခုလို ပြိုင်ပွဲများ ဆောင်ရွက်ပေးလျက်ရှိကြောင်းတို့ကို ရှင်းလင်းပြောကြားပြီးနောက် ပုံပြောပြိုင်ပွဲနှင့် စကားပုံချိတ်ဆက်ပြိုင်ပွဲအား ဆက်လက်ကျင်းပရာ ပါဝင်ယှဉ်ပြိုင်ကြသည့် ကျောင်းသား/သူများက အသီးသီး ပါဝင်ယှဉ်ပြိုင်ကြပြီးနောက် ပြိုင်ပွဲဝင် ကျောင်းသား/သူများအား ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မြင့်ကေခိုင်နှင့် ဝန်ထမ်းများက အမှတ်တရလက်ဆောင်အဖြစ် ဗလာစာအုပ်၊ ခဲတံနှင့်အချိုရည် မုန့်များကျွေးမွေးခဲ့ကြောင်း သိရသည်။
အဆိုပါ ပုံပြောပြိုင်ပွဲနှင့် စကားပုံချိတ်ဆက်ပြိုင်ပွဲသို့ အမှတ်(၂)အခြေခံပညာ မူလတန်းကျောင်းမှ ကျောင်းသား/သူ (၁၂) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
ကျော်မျိုးနိုင်(တောင်သာ)