မင်္ဂလာဒုံ စက်တင်ဘာ ၆
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် မင်္ဂလာဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ်အဖြစ် စာပေအသိပညာတိုးပွားစေရန်နှင့် ဗဟုသုတရရှိနိုင်စေရန်ရည်ရွယ်၍ ယနေ့နံနက် (၁၁) နာရီခွဲအချိန် က ထောက်ကြန့် စွယ်စုံကိုယ်ပိုင်အထက်တန်းကျောင်း၌ စာအုပ်စာစောင်များ စနစ်တကျ ခင်းကျင်းပြသ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
အဆိုပါ နယ်လှည့်စာအုပ်စာစောင်များ ခင်းကျင်းပြသ ငှားရမ်းပေးရခြင်းမှာ ကျောင်းသား/သူများ အားလပ်ချိန်တွင် စာပေများဖတ်ရှုတတ်သည့် အလေ့အကျင့်ရရှိစေရန်၊ စာပေ၏အကျိုးကျေးဇူးများကို သိရှိပြီး အမှား/အမှန်ကို ပိုင်းခြားဝေဖန်တတ်စေရန်နှင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်အတွက် သုတ/ရသ စာအုပ်စာစောင် (၁၀၀) အုပ်တို့ကို စိတ်ဝင်စားမှုရှိစေရန် ခင်းကျင်းပြသပြီး မိမိတို့ဖတ်ရှုလိုသည့် စာအုပ်စာစောင်များကို တာဝန်ရှိသူများက စနစ်တကျငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။
မြတ်သူဇာ(မင်္ဂလာဒုံ)