ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျုံပျော်မြို့တွင် Mask Campaign ပြုလုပ်

ကျုံပျော် စက်တင်ဘာ ၈

ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက်  နေအိမ်ပြင်ပသို့ ထွက်ခွာတိုင်း ပါးစပ် နှာခေါင်းစည်း စနစ်တကျ တပ်ဆင်‌ရေး  Mask Campaign ပြုလုပ်ခြင်းကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့၊ ဗိုလ်ချုပ်လမ်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ရှေ့၌ ယမန်နေ့ နံနက်က ဆောင်ရွက်ခဲ့သည်။

ထိုသို့  ပြုလုပ်ရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ပြည်သူ့ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့နှင့် ဌာနဆိုင်ရာများ ပူးပေါင်းပါဝင်၍ နေအိမ်ပြင်ပ ထွက်ခွာသွားလာပါက Mask စနစ်တကျ တပ်ဆင်ရန်၊ လုံခြုံမှုအားနည်းသည့် အိမ်တွင်းချုပ်ဖျင်စ Mask များ တပ်ဆင်ခြင်း မပြုရန်နှင့်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ အကြိမ်ပြည့် ထိုးနှံရန်တို့ကို ပညာပေး ပြောကြားပြီး Mask များ အခမဲ့ဖြန့်ဝေပေးခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

ထိုသို့ အသိပညာပေး ဆောင်ရွက်ခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကို ကာကွယ်ရာ ရောက်ပြီး ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ နေထိုင်သည့် အလေ့အကျင့်ကောင်းများ ဆက်လက်ကျင့်သုံးစေရေး အတွက်‌ လှုံဆော်‌ပေးရာလည်းရောက်ကြောင်း သိရ သည်။

လပြည့်ဦး(ပြန်/ဆက်)