မြန်အောင်မြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း၊ မှုခင်းကျဆင်းရေး၊ မူးယစ်ဆေးဝါးအန္တရာယ် အကြောင်း အသိပညာပေးဟောပြောခြင်းနှင့် လူကုန်ကူးမှုပပျောက်ရေး အသိပညာပေး ဟောပြောပွဲများဆောင်ရွက်

မြန်အောင် စက်တင်ဘာ ၉

ဧရာဝတီတိုင်ဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း၊ မှုခင်း ကျဆင်းရေး၊ မူးယစ်ဆေးဝါးအန္တရာယ်များအကြောင်း အသိပညာပေး ဟောပြောခြင်းနှင့် လူကုန်ကူးမှု ပပျောက်ရေး အသိပညာပေး ဟောပြောပွဲများကို ရပ်ကွက်/ကျေးရွာများတွင် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နေ့လယ် ၁ နာရီက မြန်အောင်မြို့ အမှတ်(၅) ရပ်ကွက် တာဝတိံသာဓမ္မာရုံ၌ ရပ်ကွက်နေပြည်သူများ အား အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

အသိပညာပေး ဟောပြောပွဲတွင် မြန်အောင်မြို့မ ရဲစခန်းမှူး ဒုရဲမှူးကျော်ဇေလတ်က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း၊ မှုခင်းကျဆင်းရေး၊ မူးယစ်ဆေးဝါး အန္တရာယ်အကြောင်း အသိပညာပေး ဟောပြောပြီး လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး တပ်ဖွဲ့စိတ် (၂)ဟင်္သာတမှ ရဲအုပ် လွှမ်းမိုးထွန်းက လူမှောင်ခို လူကုန်ကူးခြင်း ဆိုင်ရာ သိကောင်းစရာများ၊ လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ဥပဒေနှင့် ပတ်သက်သည့် သိရှိသင့်သော အချက်အလက်များ၊ လူကုန်ကူးခံရမှုမဖြစ်စေရန်နှင့် လူကုန်ကူးမှုကျူးလွန်မိခြင်း မရှိစေရန်  အသိပညာပေး ဟောပြောခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြန်အောင်(ပြန်/ဆက်)