လှိုင်းဘွဲမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ကူးစက်မှုမရှိစေရေးအတွက် Mask Campaign  ဆောင်ရွက်

လှိုင်းဘွဲ စက်တင်ဘာ ၉

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ပြည်သူ့ဆေးရုံနှင့် မြို့နယ်ရဲတပ်ဖွဲ့စခန်းအရှေ့၊  ဘားအံ-လှိုင်းဘွဲ-ပိုင်ကျုံလမ်းပေါ်တွင် ဖြတ်သန်းသွားလာနေကြသော ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ကူးစက်မှုမရှိစေရေးအတွက် Mask Campaign ဆောင်ရွက်ခြင်းကို ယနေ့နံနက်(၇) နာရီအချိန်က ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

အဆိုပါ Mask Campaign  ဆောင်ရွက်ရာတွင် လှိုင်းဘွဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းသန်းနှင့်ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှ ရဲမှူးသိန်းထွန်းနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ စုပေါင်း၍  ခရီးသွားပြည်သူများ၊ မော်တော်ယာဉ်မောင်းနှင်သူများ၊ မော်တော်ဆိုင်ကယ် စီးနှင်းကြသူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးအတွက် နှာခေါင်းစည်း Mask များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြကြောင်း သိရှိရသည်။

လင်းသန့်(ပြန်/ဆက်)