မြန်အောင်တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်ပြန့်ပွားမှု လျော့ကျစေရန် ပါးစပ်နှင့် နှာခေါင်းစည်း (Mask) တပ်ဆင်ရေး၊ ယာဉ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးခြင်းများဆောင်ရွက်

မြန်အောင် စက်တင်ဘာ ၉

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ရောဂါ ကူးစက်ပြန့်ပွားမှု လျော့ကျစေရန် ပါးစပ်နှင့်နှာခေါင်းစည်း (Mask) တပ်ဆင်ရေးနှင့် ယာဉ်အန္တရာယ် ကင်းရှင်းရေး အသိပညာပေးခြင်းများကို ယမန်နေ့ နံနက်က မြန်အောင်မြို့ ရုံပွဲလမ်း ကိုးတောင်ပြည့်စေတီ အနီးနှင့် မြန်အောင်မြို့အဝင် သပြေလှစစ်ဆေးရေးဂိတ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် ဌာန ဆိုင်ရာများ စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

(Mask) အခမဲ့ဖြန့်ဝေခြင်းနှင့် ယာဉ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးခြင်းတို့ကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး အောင်သူရိန်ထွန်း၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်ထက်နှင့် ဝန်ထမ်းများ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ ပါဝင်၍ ပူးပေါင်းအဖွဲ့ဖြင့် ဆောင်ရွက်ခဲ့ကြသည်။

ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်ပြန့်ပွားမှု လျော့ကျစေရန် ပါးစပ်နှင့် နှာခေါင်းစည်း (Mask)များကို အခမဲ့ဖြန့်ဝေပေးပြီး ပါးစပ်နှင့် နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်း၊ အခန်းတွင်း၌ လူတစ်ဦးနှင့် တစ်ဦး နီးကပ်စွာရှိနေခြင်း၊ အများပြည်သူအသုံးပြုသော ယာဉ်များဖြင့် ခရီးသွားလာခြင်း၊ အများပြည်သူ ဝင်/ထွက်သွားလာ အသုံးပြုသော ဆေးရုံ/ကျန်းမာရေးဌာနများ၊ ရုံးများ၊ သင်တန်းများ၊ ကျောင်းများ၊ ဈေးများ၊ ဈေးဝယ်စင်တာများ၊ ဘိုးဘွားရိပ်သာ အစရှိသော လူစုလူဝေးရှိရာ နေရာများတွင် ပါးစပ်နှင့် နှာခေါင်းစည်း (Mask)မဖြစ်မနေ တပ်ဆင်ရန် အသိပညာပေး ပြောကြားခြင်း၊ တစ်ဆက်တည်းပင် ခရီးသွားပြည်သူများ၊ လမ်းသွားလမ်းလာများ ယာဉ်အန္တရာယ် ကင်းရှင်းရေးအတွက် ဆိုင်ကယ်စီးလျှင် အရည်အသွေးပြည့်မီသည့် ဆိုင်ကယ်စီး ဦးထုပ်ကို မေးသိုင်းကြိုး သေချာတပ်ဆင်၍ ဆောင်းရန်၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို လိုက်နာရေးအသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဝင်းဗိုလ် မြန်အောင် (ပြန်/ဆက်)