ရေဖြူမြို့နယ်၌ ကိုဗစ်-၁၉မျိုးကွဲသစ်အိုမီခရွန်ရောဂါ တားဆီးကာကွယ်ရေး Mask Campaign ဆောင်ရွက်

ရေဖြူ စက်တင်ဘာ ၉

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၌ ကိုဗစ်-၁၉မျိုးကွဲသစ်အိုမီခရွန်ရောဂါတားဆီးကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၇ နာရီက ကိုဗစ်-၁၉ရောဂါမျိုးရိုးဗီဇပြောင်းစောင့်ကြပ် ထိန် းချုပ်နိုင်ရေးနှင့် ဒေသခံပြည်သူများနေအိမ်ပြင်ပသို့ ထွက်ခွာသည့်အခါတိုင်း ပါးစပ်နှင့်နှာခေါင်းများကို စနစ်တကျတပ်ဆင်သည့်အလေ့ အကျင့်ကောင်းများဆက်လက်လိုက်နာကျင့်သုံးဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသည် မြို့နယ်အတွင်းMask Campaign လှုပ်ရှားမှု ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ Mask Campaign များဆောင်ရွက်ရာတွင် ရေဖြူမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇင်လင်းနိုင်နှင့်အဖွဲ့ဝင်များ၊မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး လှနောင်နှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကျော်မိုးမြင့်နှင့် ဝန်ထမ်းများ၊  ဌာနဆိုင်ရာများ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊မြို့နယ်အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက မြို့နယ်အတွင်းရှိ လူစည်ကားရာနေရာများဖြစ်သည့် (ခ)ရပ်ကွက်၊ ဆေးရုံလမ်းရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့တွင် အခမဲ့ဖြန့်ဝေပေးခဲ့ပြီး ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ်ရေးနည်းလမ်းများကို အသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်။

ခတ္တာ