မိုင်းနောင် စက်တင်ဘာ ၁၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့အတွင်းရှိ မိဘပြည်သူများ စာဖတ်ရှိန်မြှင့်မားရေးနှင့် စာပေဖတ်ရှုသည့်အလေ့အကျင့်ကောင်းများ ရရှိစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်က စျေးဆိုင်များသို့ Mobile Library စနစ်ဖြင့်စာအုပ်၊ စာစောင်ငှားရမ်းခြင်းများ သွားရောက်ဆောင်ရွက်ခဲ့သည်။
ထိုသို့သွားရောက် ဆောင်ရွက်ရာတွင် စျေးဆိုင်ရောင်းချနေသော မိဘပြည်သူများ ကြိုက်နှစ်သက်သည့် စာအုပ်၊ စာစောင်များ၊ လူငယ်အသိပညာပေး စာအုပ်များ၊ စိတ်ဓာတ် ခွန်အားဖြစ်စေသောစာပေများ၊ လစဉ်ထုတ် မဂ္ဂဇင်းများ၊ အပတ်စဉ်ထုတ်စာစောင်များကို ဖတ်ရှုစေခြင်းဖြင့်စာဖတ်စွမ်းရည်များ မြှင့်မားလာစေရန်နှင့် စာပေချစ်မြတ်နိုးသူများ ဖြစ်လာ စေရန် ရည်ရွယ်၍ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။
မိုင်းနောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးဝန်ထမ်းများသည် စာဖတ်ရှိန် မြှင့်တင်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ဌာနဆိုင်ရာရုံးများ၊ အ.ထ.က၊ အ.လ.က၊ အ.မ.က ကျောင်းများ၊ စျေးဆိုင်များသို့ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်ငှားရမ်းခြင်းများ သွားရောက်ဆောင်ရွက်ကြောင်း သိရသည်။
မနန်း(မိုင်းနောင်)