လဲချားမြို့နယ် အခြေခံပညာအထက်တန်းကျောင်းခွဲ(နောင်မိန်း)ကျောင်းတွင် အသက်(၁၂)နှစ် အထက် ကျောင်းသား၊ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Booster Dose ထိုးနှံပေး

လဲချား     စက်တင်ဘာ    ၁၅

ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်တွင် အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ယမန်နေ့နံနက်ပိုင်းချိန်က အခြေခံပညာအထက်တန်းကျောင်းခွဲ (နောင်မိန်း)ကျောင်းတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Booster Dose ကိုထိုးနှံပေးခဲ့သည်။

ယင်းသို့ ထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာဝန်ကြီး ဒေါက်တာဇင်မောင်နွယ်နှင့် ဝန်ထမ်းများက  အသက်(၁၂)နှစ်အထက် ကျောင်းသား၊ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Booster  Dose ကိုထိုးနှံပေးရာတွင် ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်တာပေးခြင်းများ ဆောင်ရွက်ခဲ့ပြီး ကျန်းမာရေးကောင်းမွန်သူများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး  Booster Dose ကို စနစ်တကျထိုးနှံပေးခဲ့ကြောင်း  သိရသည်။

လဲချား(မြို့နယ်ပြန်/ဆက်)