ကျုံပျော်ခရိုင်၊ အထောင်မြို့တွင် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်း Booster ထိုးနှံ

ကျုံပျော် စက်တင်ဘာ ၁၅

ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွား/သေဆုံးမှုကို လျှော့ချနိုင်ပြီး ကလေးငယ်များ ပညာသင်ယူခွင့် အခွင့်အလမ်းများ ကောင်းစွာရရှိရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ အထောင်မြို့တွင် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်း Booster ထိုးနှံခြင်းကို အ.ထ.က အထောင်မြတ်လေးခန်းမ၌ စက်တင်ဘာ ၁၃ ရက် မွန်းလွဲပိုင်းက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကာကွယ်‌ဆေးထိုးနှံရာသို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေး ဦးစီးဌာနနှင့် ပညာရေးဌာနတို့မှ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ သွားရောက်ကြည့်ရှု အားပေးခဲ့ကြပြီး အ.ထ.က အထောင်ရှိ အသက် (၁၂)မှ (၁၈)နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူများကို ဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်း Booster ထိုးနှံပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျုံပျော်မြို့နယ်အတွင်း အသက်(၁၂)မှ (၁၈)နှစ်အတွင်း ကျောင်းသား ကျောင်းသူ (၁၂၁၂၂)ဦးကို ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးနှံပေးနိုင်ခဲ့ပြီး၊ ထပ်ဆောင်း Booster ကာကွယ်ဆေးထိုးနှံပြီးသူ (၇၀၆၆)ဦးရှိကာ ကျန်ရှိသော (၅၀၅၆)ဦးတို့အား ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

လပြည့်ဦး(ပြန်/ဆက်)