မိုင်းတုံ စက်တင်ဘာ ၁၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ စားသုံးဆီဖူလုံရေး နေကြာကိုစိုက် ကြစို့အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယမန်နေ့ ၁၁ နာရီ ၃၀ အချိန်က ကျင်းပခဲ့သည်။
ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှဦးစီးအရာရှိ ဒေါ်ဝင်းဝင်းခိုင်က Talk Show ဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးထွန်းထွန်းဝင်းက စားသုံးဆီဖူလုံရေး နေကြာကိုစိုက်ကြစို့ အသိပညာပေးနှင့်ပတ်သက်၍ နေကြာစိုက်ပျိုးခြင်းကြောင့် ရရှိလာသည့် အကျိုးအမြတ်များသည် မိမိအိမ်ဖူလုံယုံသာမက၊ ကိုယ့်ဒေသအတွင်းမှာရှိတဲ့ ပြည်သူပါဖြန့်ဝေပေးနိုင်ကြောင်း၊ နေကြာထွက်နှုန်းများကောင်းမွန်သည့်အတွက် စိုက်ပျိုး သင့်ကြောင်း၊ စိုက်ပျိုးပုံစိုက်ပျိုးနည်းများစသည်တို့ကို အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ စားသုံးဆီဖူလုံရေး နေကြာကိုစိုက်ကြစို့အသိပညာပေးနှင့်ပတ်သက်သည့် Talk Show ဆွေးနွေးမှုကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် တောင်သူလယ်သမားများ အသိပညာ ဗဟုသုတရရှိစေရန်အတွက် We Love Mong Tong , Facebook Page မှ တဆင့် ထုတ်လွှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဝင်းဝင်းခိုင်(မိုင်းတုံ၊ပြန်/ဆက်)