စလင်းမြို့နယ်၌ ၂၀၂၅ ခုနှစ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် သက်ကြီးပူဇော်ပွဲအခမ်းအနား

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့၊ မြင်တင်ရပ်ကွက် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမဆောင်အတွင်း၌ ယနေ့နံနက် (၉) နာရီအချိန်က ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် သက်ကြီးဆရာကြီး/ဆရာမကြီးများအား မြတ်ဆရာပူဇော်ပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၂၀၂၅ ခုနှစ်၊ အာဆီယံနေ့အထိမ်းအမှတ် အားကစားလှုပ်ရှားမှုအခမ်းအနားသို့တက်ရောက်၍ ISPE FC အသင်းအား တွေ့ဆုံပြီး ဘော်လီဘောနည်းပြသင်တန်းဆင်းပွဲအခမ်းအနားနှင့် မွေနှင့် Kickboxing စခန်းဝင်အားကစားသမားများအား ကြည့်ရှုစစ်ဆေး

၂၀၂၅ ခုနှစ်၊ အာဆီယံနေ့အထိမ်းအမှတ် အားကစားလှုပ်ရှားမှုအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်)၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်အတွင်းရေးမှူး၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)မှ နည်းပြဆရာများ၊ သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

မုဒုံမြို့ရှိ ဆံတော်ရှင်ကန်ကြီးစေတီတော်၏ (၁၅၁) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် မြန်မာ့ရိုးရာလှေလှော်ပြိုင်ပွဲကျင်းပ

မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့ရှိ သမိုင်းဝင်ဆံတော်ရှင် ကန်ကြီးစေတီတော်မြတ်ကြီး၏ (၁၅၁)ကြိမ်မြောက် သီတင်းကျွတ်ဗုဒ္ဓပူဇနိယပွဲတော် မြန်မာ့ရိုးရာ လှေလှော်ပြိုင်ပွဲကို ယနေ့နံနက် ၈ နာရီက ကန်ကြီးမင်္ဂလာကန်တော်၌ ကျင်းပသည်။

၂၀၂၅ ခုနှစ်၊ (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသို့ ပဲခူးတိုင်းဒေသကြီးကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်မည့်အဖွဲ့အား အောင်နိုင်ရေးအလံပေးအပ်

ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ယမန်နေ့မွန်းလွဲပိုင်းက ၂၀၂၅ ခုနှစ်၊ (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသို့ ပဲခူးတိုင်းဒေသကြီးကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်မည့်အဖွဲ့အား အောင်နိုင်ရေးအလံပေးအပ်ခြင်း အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

တန့်ယန်းမြို့နယ်တွင် ၂၀၂၅ - ခုနှစ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် မြတ်ဆရာပူဇော်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် မြတ်ဆရာပူဇော်ပွဲအခမ်းအနားကို အောက်တိုဘာလ ၅ ရက်နေ့ နံနက် ၉ နာရီက အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။

ကျောက်တန်းမြို့နယ်၌ ၂၀၂၅ ခုနှစ်အောက်တိုဘာလ ၅ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ဆရာများနေ့ အခမ်းအနားကျင်းပ

‎ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၌ ၂၀၂၅ခုနှစ်အောက်တိုဘာလ ၅ ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့ဆရာများနေ့အခမ်းအနားကို ၅ .၁၀.၂၀၂၅ရက် နံနက် ၀၉ ၀၀ နာရီက ကျောက်တန်းမြို့၊ အလက ( မြို့မ) ကျောင်း၊ ရွှေသံလွင်ခန်းမ၌ ကျင်းပပြုလုပ်သည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် သီတင်းကျွတ်အထိမ်းအမှတ် MSME ပြပွဲ၊ ပြိုင်ပွဲ၊ ဈေးရောင်းပွဲတော်နှင့် ပျော်ပွဲရွှင်ပွဲဖွင့်ပွဲအခမ်းအနားအား တက်ရောက်ဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် သီတင်းကျွတ်ပွဲတော်အထိမ်းအမှတ် MSME ပြပွဲပြိုင်ပွဲ၊ ဈေးရောင်းပွဲတော်နှင့် ပျော်ပွဲရွှင်ပွဲအခမ်းအနားဖွင့်ပွဲကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ကမ်းနားလမ်းမြို့တော်ခန်းမရှေ့တွင် ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

မင်းဘူးမြို့ ရှင်ပင်ချမ်းသာကြီးစေတီတော်မြတ်ကြီးတွင် ဆွမ်းတော်ကြီးတင် ဆွမ်းပေါင်း၊ ဆွမ်းလောင်းပွဲများ ကျင်းပမည်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့ အမှတ် (၃) ရပ်ကွက်ရှိ ရှင်ပင်ချမ်းသာကြီး စေတီတော်မြတ်ကြီးတွင် ဆွမ်းတော်ကြီးတင် ဆွမ်းပေါင်း၊ ဆွမ်းလောင်းပွဲများကို သီတင်းကျွတ်လပြည့်နေ့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း ချမ်းသာကြီးပရဟိတအဖွဲ့ထံမှ သိရသည်။

ဇီးကုန်းမြို့နယ်၌ ၂၀၂၅ခုနှစ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် မြတ်ဆရာပူဇော်ပွဲ အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်၌ မြို့နယ်အဆင့် ၂၀၂၅ ခုနှစ် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် မြတ်ဆရာပူဇော်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(အ.ထ.က-ဇီးကုန်း)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရွှေတောင်မြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ အ.ထ.က (ရွှေတောင်) ရတနာခန်းမတွင် ယနေ့နံနက်ပိုင်းက ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to