ပန်းဘဲတန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန Community centre ခန်းမ၌ စာပေချစ်မြတ်နိုးသူ (Book Club) အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဘဲတန်းမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန Community centre ခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က စာပေချစ်မြတ်နိုးသူ (Book Club) အဖွဲ့ဝင်များနှင့် စာရေးဆရာအောင်သင်းရေးသားသော “အတွေ့အကြုံနှင့်အတွေးအကြံ” ဆောင်းပါးဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် (၁၁) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပသည်။

အိမ်မဲမြို့နယ် အ-ထ-က(ခွဲ) ညောင်ငူတွင်စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် လူငယ်စကားဝိုင်းကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ညောင်ငူကျေးရွာ၊ အ-ထ-က(ခွဲ) ညောင်ငူကျောင်းတွင် မြို့နယပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်များအသိပညာဗဟုသုတများ တိုးပွားစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် လူငယ်စကားဝိုင်းကို ယနေ့နံနက် (၁၀) နာရီ အချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

ငပုတောမြို့နယ်၌ “ဒို့အတူတူမဲပေးကြမယ်” အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက် နေ့၌ ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူများအားလုံး ပါဝင်နိုင်ရန်အတွက်” ဒို့အတူတူမဲပေးကြမယ် “အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

ချောင်းဆုံမြို့နယ်၌ မိုးစပါးရိတ်သိမ်းနေမှုအား တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်း သမဝါယမကဏ္ဍမှ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် အားမာန်လယ်ယာနှင့် အထွေထွေစီးပွားရေး လုပ်ငန်း သမဝါယမအသင်းသား တောင်သူဦးတင်ရှိန်၏ ဂျပန်ရွှေဝါထွန်း မျိုးစပါးစိုက်ဧက (၈)ဧကအား ရိတ်သိမ်းနေမှု အခြေအနေများကို ယနေ့နံနက်က မြို့နယ်သမဝါယဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။

သထုံမြို့နယ်၌ ပြည်သူလူထုအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော မိန်းကလေးများအား ပြည်သူလူထုအခြေပြု သားအိမ်ခေါင်း ကင်ဆာရောဂါကာကွယ်ဆေး(HPV) ထိုးနှံရေးလုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက သထုံခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရွှေသောင်ယံမြို့တွင် "ဒို့အတူတူမဲပေးကြမယ်" လက်ကမ်းစာစောင်များဖြန့်ဝေ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွေသောင်ယံမြို့တွင် ယမန်နေ့နံနက် (၁၀)နာရီက ဒီဇင်ဘာလ(၂၈)ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ ပြည်သူများအားလုံးပါဝင်မဲပေးနိုင်ရန် "ဒို့အတူတူမဲပေးကြမယ်" အသိပညာပေး  လက်ကမ်းစာစောင်များကို လူစည်ကားရာနေရာများဖြစ်သည့် စစ်ဆေးရေးဂိတ်များ၊ ကားဂိတ်များနှင့် ပြည်သူများအား ဖြန့်ဝေပေးခဲ့သည်။

ကြံခင်းမြို့၌ ဒို့အတူတူမဲပေးကြမယ် ရွေးကောက်ပွဲလှုံ့ဆော်ရေး လက်ကမ်းစာစောင်များဖြန့်ဝေ

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် ဆန္ဒမဲမေးပိုင်ခွင့်ရှိသည့် ပြည်သူများအားလုံးပါဝင် မဲပေးနိုင်ရေး၊ ရွေးကောက်ပွဲ လှုံ့ဆော်မှု (Campaign) ကို ယနေ့နံနက်ပိုင်းက ကြံခင်းမြို့၊ ရွာသစ်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ နာရီစင်အနီး၌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့နှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့မှဦးဆောင်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့(ခွဲ) အဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များဖြင့်ပူးပေါင်းကာ ဒို့အတူတူမဲပေးကြမယ် ရွေးကောက်ပွဲလှုံ့ဆော်ရေး လက်ကမ်းစာစောင်များအား ပြည်သူများလက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

သာပေါင်းမြို့နယ်၌ "ဒို့အတူတူမဲပေးကြမယ်" အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ(၂၈)ရက်နေ့၌ ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်သူများအားလုံး ပါဝင်နိုင်ရန်အတွက်"ဒို့အတူတူမဲပေးကြမယ်"အသိပညာပေး လက်ကမ်းစာစောင်များကို ယမန်နေ့နံနက် ၇ နာရီခွဲအချိန်က မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် သီရိရွှေသာဈေးရှေ့မှ ကန္နားလမ်းတစ်လျောက်၊ အများပြည်သူသွားလာစည်ကားရာ လမ်းဆုံလမ်းမများတွင် ဖြန့်ဝေပေးခဲ့သည်။

ကသာခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီနှင့်ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲများ၊ ပါတီအသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်များ ကြိုတင်မဲကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးပွဲကျင်းပ

ကသာခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီနှင့် ရပ်ကျေးကော်မရှင်အဖွဲ့ခွဲများ၊ ပါတီအသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံ၍ကြိုတင်မဲပေးခြင်းကိစ္စရပ်များ ညှိနှိုင်းဆွေးနွေးခြင်းကို ယနေ့နံနက် (၁၀)နာရီအချိန်က ကသာခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အစိုးရစက်မှုလက်မှုသိပ္ပံ(ရေနံချောင်း)၌ “ဒို့အတူတူမဲပေးကြမယ်” လက်ကမ်းစာစောင်များဖြန့်ဝေ

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးတွင် ပြည်သူများ ပိုမိုပါဝင်မဲပေးနိုင်ရေးအတွက် “ဒို့အတူတူမဲပေးကြမယ်” ရွေးကောက်ပွဲလှုံ့ဆော်ရေး အသိပညာပေး လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးနှင့် အစိုးရစက်မှုလက်မှုသိပ္ပံ(ရေနံချောင်း) တို့၌ ဖြန့်ဝေခဲ့သည်။
Subscribe to