အမျိုးသမီးများ ကြုံတွေ့နေရသည့် ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများအကြောင်း အသိပညာပေး ဟောပြောပွဲ မုံရွာမြို့၌ ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းပြီး အမျိုးသမီးများ ကြုံတွေ့နေရသည့် ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများအကြောင်း အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဝေါမြို့နယ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်ပြည်သူ့ဆေးရုံကြီး၌ ယနေ့နံနက်ပိုင်းက နိုင်ငံ့ဝန်ထမ်းများအား လစဉ်ပင်စင်ထုတ်ယူသည့် နေ့တိုင်းကျန်းမာရေးစောင့်ရှောက် မှုအား မြို့နယ်ပြည်သူ့ဆေးရုံဟောင်း၌ ပြုလုပ်ပေးခဲ့​သည်။

ကျောက်ဆည်မြို့နယ် ကြောင်ပန်းကုန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ကျောင်းဆောင်အသစ်တစ်ဆောင် ဆောက်လုပ်ပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အခြေခံပညာကျောင်းများတွင် လိုအပ်လျက်ရှိသော ကျောင်းအဆောင်များ၊ ခြံဝန်းများ၊ ကျောင်းဝန်းအတွင်း ကွန်ကရစ်လျှောက်လမ်းများ၊ ရေသန့်စက်များ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် (၂၀၂၄-၂၀၂၅)ခုဘဏ္ဍာနှစ်တွင် ကြောင်ပန်းကုန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေး ကျောင်းဆောင်အသစ်တစ်ဆောင် ဆောက်လုပ်ပေးလျက်ရှိကြောင်း သိရသည်။

ချောင်းဆုံမြို့နယ် အခြေခံပညာမူလတန်းနှင့် အလယ်တန်းအဆင့် သင်ကြားမှု သင်ယူမှုအရည်အသွေးမြှင့်ဆွေးနွေးပွဲပြုလုပ်

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားနေသည့် ဆရာ၊ ဆရာမများအား အရည်အသွေးမြှင့်တင်ရေးအနေဖြင့် မြို့နယ်အခြေခံပညာဦးစီးဌာနမှ အခြေခံပညာမူလတန်းနှင့် အလယ်တန်းအဆင့်(Grade-5) (Grade-9) သင်ကြားမှု သင်ယူမှု အရည်အသွေးမြှင့်ဆွေးနွေးပွဲသင်တန်းကို ယနေ့နံနက် (၉)နာရီက အ.ထ.က(ချောင်းဆုံ) ကျောင်းတွင် ပြုလုပ်သည်။

မြိတ်မြို့၌ အခြေခံပညာအဆင့် (Grade-12) ခရိုင်အဆင့်နှင့် (Grade-9/ Grade-5) မြို့နယ်အဆင့် သင်ကြားသင်ယူမှုထိရောက်ရေး အရည်အသွေးမြှင့် (ဘာသာစုံ) ဆွေးနွေးပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် အခြေခံပညာအဆင့် (Grade-12) ခရိုင်အဆင့်နှင့် (Grade-9/ Grade-5) မြို့နယ်အဆင့် သင်ကြားသင်ယူမှုထိရောက်ရေး အရည်အသွေးမြှင့် (ဘာသာစုံ) ဆွေးနွေးပွဲကို ဒီဇင်ဘာ (၂၃) ရက် နံနက် (၈) နာရီခွဲက အ.ထ.က (၁) မြိတ် ပညာ့ဗိမာန်ခန်းမတွင် ကျင်းပခဲ့သည်။

မိတ္ထီလာမြို့နယ်တွင် ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများအား ထပ်ဆင့်ဂုဏ်ပြုပူဇော်ပွဲနှင့် စာအောင်သံဃာတော်များအား စူဠဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပ

မန္တ​လေးတိုင်း​ဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ၂၀၂၄ ခုနှစ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရမှ ဆက်ကပ်လှူဒါန်းသည့် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော် ဆရာတော်ကြီးများအား ထပ်ဆင့်ဂုဏ်ပြုပူဇော်ပွဲနှင့် စာအောင်သံဃာတော်များအား စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို ဒီဇင်ဘာလ ၂၀ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်က အောင်မင်္ဂလာခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရေကြည်မြို့နယ်တွင်နိုင်ငံ့ဝန်ထမ်းပင်စင်စားများအားအခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေး

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်ကုသရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား ကျန်းမာရေးစောင့်ရှောက်မှု အခမဲ့ဆောင်ရွက်ပေးခြင်းကို ယနေ့နံနက် (၇) နာရီအချိန်မှစတင်၍ မြို့နယ်မြန်မာ့စီးပွားရေးဘဏ်၌ ကျန်းမာရေးစောင့်ရှောက်မှုများ‌ ဆောင်ရွက်ပေးခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို တိုင်းဒေသကြီးအဆင့် အခြေခံပညာအထက်တန်းဆင့် (Grade-12) သင်ကြားသင်ယူမှုထိရောက်ရေး အရည်အသွေးမြှင့်ဆွေးနွေးပွဲအခမ်းအနားသို့ တက်ရောက်

၂ဝ၂၄-၂ဝ၂၅ ပညာသင်နှစ်၊ တိုင်းဒေသကြီးအဆင့် အခြေခံပညာအထက်တန်းဆင့် Grade-12 သင်ကြားသင်ယူမှုထိရောက်ရေး အရည်အသွေးမြှင့်ဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၊ ပညာ့ဗိမာန်ခန်းမ၌ ကျင်းပသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ဌာနဆိုင်ရာရုံးများ လှည့်လည်ကြည့်ရှု၊ ဝန်ထမ်းများနှင့်တွေ့ဆုံ

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ရခိုင်ပြည်နယ် ဆိပ်ကမ်းရုံးနှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ပြည်နယ်မန်နေဂျာရုံးသို့ သွားရောက်၍ ဝန်ထမ်းများနှင့်တွေ့ဆုံကာ ဝန်ထမ်းများရုံးလုပ်ငန်းများ ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုအားပေးကြသည်။
Subscribe to