ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်တွင် ၂၀၂၅ ခုနှစ် အ‌ခြေခံပညာအလယ်တန်းအဆင့် ကျောင်းပေါင်းစုံပြေးခုန်ပစ်ပြိုင်ပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၌ နိုင်ငံ့ဂုဏ်ဆောင်နိုင်မည့် ကစားသမားများ ပေါ်ထွက်လာ‌စေရန်ရည်ရွယ်ချက်ဖြင့် မြို့နယ်အားကစားနှင့် ကာယပညာ‌ကော်မတီမှ ကြီးမှူးကျင်းပသော ၂၀၂၅ ခုနှစ် အခြေခံပညာအလယ်တန်းအဆင့် ကျောင်းပေါင်းစုံပြေးခုန်ပစ်ပြိုင်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၁၀ ရက်နေ့ နံနက် ၈ နာရီအချိန်က မြို့နယ်အားကစားကွင်း၌ ကျင်းပရာ ဒဂုံမြို့သစ်ခရိုင်ပညာရေးမှူး ဦးငွေသူရ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန့်ဇော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ လူငယ်မောင်မယ်များ၊ အားကစားဝါသနာရှင်များနှင့် ပြိုင်ပွဲဝင်ကစားသမားများ တက်ရောက်ခဲ့ကြသည်။

(၂၄) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် တိုင်းရင်းဆေးပညာနှီးနှော ဖလှယ်ပွဲအား ဂုဏ်ပြုကြိုဆိုသောအားဖြင့် တိုင်းရင်းဆေးပညာအကြောင်း သိကောင်းစရာ Talk Show ပြုလုပ်

(၂၄) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် တိုင်းရင်းဆေးပညာနှီးနှော ဖလှယ်ပွဲအား ဂုဏ်ပြုကြိုဆိုသောအားဖြင့် တိုင်းရင်းဆေးပညာအကြောင်း သိကောင်းစရာ Talk Show ပြုလုပ် ကော့သောင်း ဒီဇင်ဘာ ၁၂ ခရိုင်(ပြန်/ဆက်)

ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်တွင် “ဒို့အတူတူ မဲပေးကြမယ်” အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် ပြည်သူများအားလုံး ပါဝင်မဲပေးနိုင်ရေးအတွက် ရွေးကောက်ပွဲအောင်မြင်ရေးလှုံ့ဆော်မှု လက်ကမ်းစာစောင်များအား ဒီဇင်ဘာ ၉ ရက်နေ့ နံနက် (၉) နာရီအချိန်က လူစည်ကားရာနေရာများတွင် ဖြန့်ဝေပေးခဲ့သည်။

ဒဂုံတက္ကသိုလ်၌ မြေယာလျော်ကြေးပေးအပ်ပွဲ အခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ ဒဂုံတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ဒီဇင်ဘာ ၁၀ ရက်နေ့ နံနက်ပိုင်းက တောင်သူများအား မြေယာလျော်ကြေးငွေပေးအပ်ပွဲ အခမ်းအနားကျင်းပခဲ့သည်။

ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၌ မြန်မာနိုင်ငံအတက်ရောဂါစီမံချက် လုပ်ငန်းစတင်ခြင်း အထိမ်းအမှတ် အခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် မြို့နယ်ကျန်းမာရေးဦးစီးဌာန၌ ယမန်နေ့ နံနက် ၉ နာရီက အတက်ရောဂါစီမံချက်လုပ်ငန်းစတင်ခြင်း အထိမ်းအမှတ်အခမ်းအနား ကျင်းပပြုလုပ်‌ကြောင်း သိရသည်။

ကော့မှူးတွင် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အကြိုဟော‌ပြောပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဂိမ်းကစားပြိုင်ပွဲများ ကျင်းပ

ဉာဏ်ရည်ဉာဏ်သွေးထက်မြက်သော ကျောင်းသား/ကျောင်းသူများ ဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြိုဟောပြောပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဂိမ်းကစားပြိုင်ပွဲများကို ယမန်နေ့ နံနက်က ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

တိုက်ကြီးမြို့နယ်၌ အတက်ရောဂါဆိုင်ရာစီမံချက် အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၌ မြန်မာနိုင်ငံအတက်ရောဂါစီမံချက်မှ ဆောင်ရွက်မည့် လုပ်ငန်းများနှင့် ပတ်သက်၍ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ ကျင်းပသည်။

တိုက်ကြီးမြို့နယ်၌ Helpline ဝန်ဆောင်မှုဆိုင်ရာ ဆောင်ရွက်ချက်များအား ပြည်သူလူထုသိရှိစေရေး အသိပညာပေးဆိုင်းဘုတ် စိုက်ထူ

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၌ ပြည်သူလူထုအကြား အကြမ်းဖက်မှုဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ Helpline ဝန်ဆောင်မှုဆိုင်ရာ ဆောင်ရွက်ချက်များအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး ရည်ရွယ်ကာ အသိပညာပေးဆိုင်းဘုတ်စိုက်ထူခြင်းကို ယမန်နေ့ နံနက် ၉ နာရီက ဗောဓိကုန်းရပ်ကွက်၊ ရန်ကုန်-ပြည်လမ်း၊ ဆေးရုံလမ်းထိပ်၌ ပြုလုပ်သည်။

ဟိုင်းကြီးကျွန်းမြို့ အ.လ.က(ခွဲ)ဟိုင်းကြီးရွာသစ် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ ဒီဇင်ဘာကျောင်းတွင်းအားကစားပြိုင်ပွဲ ကျင်းပပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ကျောင်းသား/ ကျောင်းသူများ ကိုယ်ကာယကြံခိုင်သန်စွမ်း၍ အားကစားထူးချွန်စေရန်အတွက် ဒီဇင်ဘာကျောင်းတွင်းအားကစားပြိုင်ပွဲများကို ယမန်နေ့နံနက်(၁၁)နာရီအချိန်က အ.လ.က(ခွဲ)ဟိုင်းကြီးရွာသစ် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ကျောင်းဘောလုံးကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကယားပြည်နယ်ဝန်ကြီးချုပ် ဒေသဖွံ့ဖြိုးရေးနှင့် စည်ပင်သာယာရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် တာဝန်ရှိသူများနှင့်အတူ ဒီဇင်ဘာ ၁၁ ရက် နံနက်က လွိုင်ကော်မြို့ မြို့နယ်ခန်းမသို့ ရောက်ရှိပြီး ရပ်ကွက်များ၊ အခြေခံ ပညာကျောင်းများ၊ ဈေးများနှင့် အများပြည်သူအပန်းဖြေရာနေရာများတွင် အမှိုက်များ စနစ်တကျ စွန့်ပစ်နိုင်ရန် ဝယ်ယူထားရှိသည့် အမှိုက်ပုံးများ ရောက်ရှိမှုကို ကြည့်ရှုစစ်ဆေးပြီး အမှိုက်သိမ်းစနစ်များ ကောင်းမွန်စေရေး စနစ်တကျ စီမံဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားသည်။
Subscribe to