ဒေးဒရဲမြို့၌ ဒို့အတူတူ မဲပေးကြမယ် လက်ကမ်းစာစောင်များဖြန့်ဝေ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများမဲပေးပိုင်ခွင့် အခွင့်အရေးမဆုံးရှုံးစေရန်အတွက် လှုံ့ဆော်မှုပညာပေးလက်ကမ်းစာစောင်များကို ယနေ့နံနက် (၉) နာရီက မြို့ပေါ်ရပ်ကွက်များရှိ လူစည်ကားရာနေရာများတွင် လိုက်လံဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်လှိုင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်လှိုင်သည် တာဝန်ရှိသူများလိုက်ပါ၍ ဒီဇင်ဘာလ ၁၀ ရက်နေ့ မွန်းလွဲချိန်က ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးနှင့်တည်ဆောက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေးခဲ့သည်။

ကျုံပျော်မြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ နေ့ချင်းပြီးဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများမှ အသက် ၁၈ နှစ်ပြည့်ပြီး  နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများ၊ ပျောက်ဆုံး၊ ပျက်စီးသူများအား မဲဆန္ဒရှင်စာရင်းတွင် ပါဝင်နိုင်ရေးအတွက် ပန်းခင်းစီမံချက်ဖြငိ့ နိုင်ငံသားစိစစ်ရေးကတ်ပြားအသစ်များ နေ့ချင်းပြီးဆောင်ရွက်ပေးမှုကို ကျုံပျော်မြို့ ပြည်သူ့အားကစားခန်းမ၌ ယမန်နေ့က ဆောင်ရွက်ပေးခဲ့သည်။

သန်လျင်မြို့နယ်၌ ရှုပ်ထွေးနေသော ဆက်သွယ်ရေးကြိုးများ ရှင်းလင်း

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင် သန်လျင်မြို့နယ်၌ မြို့သန့်ရှင်းသာယာလှပရေးအတွက် ရှုပ်ထွေးနေသော ဆက်သွယ်ရေးကြိုးများ ရှင်းလင်းခြင်းကို ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များနှင့် မြို့နယ်များ၌ ဆောင်ရွက်ခဲ့ကြသည်။

ကော့သောင်းမြို့သို့ နေရပ်ပြန်မြန်မာ‌ရွှေ့ပြောင်းအလုပ်သမားများ ပြန်လည်ဝင်ရောက်

နေရပ်ပြန်မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် ထိုင်းနိုင်ငံအတွင်းအကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ချမှတ်ခံရသူ မြန်မာနိုင်ငံသား အမျိုးသား ၅၇ ဦး၊ အမျိုးသမီး၁၉ ဦး၊ စုစုပေါင်း၇၆ ဦးအား ယမန်‌နေ့က ထိုင်းနိုင်ငံ ရနောင်းမြို့၊ အခြေစိုက်အလုပ်သမားသံအရာရှိက ရနောင်းမြို့မှတဆင့် မြန်မာနိုင်ငံ၊ ကော့သောင်းမြို့မှတာဝန်ရှိသူများထံသို့ ရေလမ်းခရီးဖြင့် လွှဲပြောင်းပေးအပ်ခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ဝင်ရောက်လာသူများအား ကြိုဆိုလက်ခံခဲ့ကြသည်။

သန်လျင်မြို့နယ် ကုလားဝဲ (မူလွန်) ကျောင်း၌ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံပေး

သန်လျင်ခရိုင် သန်လျင်မြို့နယ်ရှိ အခြေခံပညာကျောင်းများမှ အသက် (၉) နှစ်ပြည့်ပြီး (၁၂) နှစ်မကျော်သော ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် (၁၀) နာရီအချိန်က ကုလားဝဲအခြေခံပညာမူလတန်း (လွန်) ကျောင်း၌ ဆောင်ရွက်ခဲ့ကြသည်။

သုံးခွမြို့နယ် ညောင်လေးပင်ကျေးရွာ အခြေခံပညာမူလတန်း ကျောင်းတွင်စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ဟောပြောပွဲနံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲ ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ် ညောင်လေးပင်ကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ကျောင်းသား/သူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတစာပေများ ပိုမိုဖတ်ရှုလာစေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများ ရရှိစေရန် ရည်ရွယ်၍ ယနေ့ နံနက် ၉ နာရီအချိန်က စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်ဟောပြောပွဲ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကို ကျင်းပပြုလုပ်ခဲ့ကြသည်။

ငပုတောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် အခြေခံပညာဦးစီးဌာနတို့ ပူပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်းတိုးပွာစေ‌၍ အသိပညာဗဟုသုတများ ဖလှယ်တက်စေ‌ရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေးလူငယ်စကားဝိုင်းကို ယနေ့နံနက် (၉)နာရီအချိန်က အ.လ.က မြို့မ (၁) ကျောင်းခန်းမတွင် ကျင်းပပြုလုပ်သည်။

ကျောက်ဆည်ခရိုင်တွင် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် တိုင်းရင်းဆေးပါနှီးနှောဖလှယ်ပွဲကို ကြိုဆိုဂုဏ်ပြု

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် တိုင်းရင်းဆေးကုသရေးဦးစီးဌာနနှင့် မြို့နယ်တိုင်းရင်းဆေး ကုသရေးဦးစီးဌာန ပူးပေါင်းပြီး (၂၄) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမှတ် (၁၅) အခြေခံပညာမူလတန်းကျောင်း၌ ကျောင်းသား/ကျောင်းသူများ ကျန်းမာပျော်ရွှင်ပြီး ဘက်စုံထူးချွန်သူများဖြစ်စေရန် ရည်ရွယ်၍ ယမန်နေ့နံနက်ပိုင်းက ကျန်းမာရေးအသိပညာပေးဟောပြောပွဲနှင့် ကျန်းမာရေး စောင့်ရှောက်မှုများ အခမဲ့ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မိတ္ထီလာမြို့၌ ကြိုတင်သတိပေးစနစ်နှင့်သဘာဝဘေးဆိုင်ရာ သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၌ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ စီစဉ်ဖွင့်လှစ်သော ကြိုတင်သတိပေးစနစ်နှင့် သဘာဝဘေးဆိုင်ရာသင်တန်းဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၁၁ ရက်နေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to