မိုင်းကိုင်မြို့နယ်၌ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်သရုပ်ပြခြင်း အခမ်းအနားကျင်းပ
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ မီးသတ်ဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်သရုပ်ခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက အမှတ်(၄)ရပ်ကွက်ရှိ သမိုင်းဝင်စော်ဘွားကန်ဘောင်၌ ကျင်းပပြုလုပ်ခဲ့သည်။