ကြံခင်းမြို့တွင် မြို့နယ်အဆင့်ကျောင်းကျန်းမာရေးကော်မတီဝင်များနှင့် ကျောင်းအခြေပြု တီဘီရောဂါကွင်းဆင်းရှာဖွေခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် မြို့နယ်အဆင့် ကျောင်းကျန်းမာရေးကော်မတီဝင်များနှင့် ကျောင်းအခြေပြု တီဘီရောဂါကွင်းဆင်းရှာဖွေခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ သင်တန်းဆောင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဟင်္သာတခရိုင်ပြန်ဆက်ဦးစီးဌာနရုံး၌ (၇၇) နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် က‌ဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပ

ဟင်္သာတခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် (၇၇) နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲကို ယမန်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်တွင် ကျင်းပခဲ့ပါသည်။

ကျောင်းအခြေပြု တီဘီရောဂါရှာဖွေခြင်းလုပ်ငန်းနှင့် ကျောင်းတွင်းအာဟာရ ကျွေးမွေးခြင်းလုပ်ငန်းများ အသိပေးဆွေးနွေးပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများက ကျောင်းသား၊ ကျောင်းသူလူငယ်များ၏ ကျန်းမာရေးအဆင့်အတန်းမြှင့်တင်နိုင်ရန်၊ ကျောင်းသားလူငယ်များ ကျန်းမာရေးနှင့်ညီညွတ်သည့် လူနေမှုဘဝပုံစံများ သိရှိကျင့်သုံးစွဲမြဲစေရန်နှင့် ကျောင်းကျန်းမာရေးလုပ်ငန်းစဥ်မှတစ်ဆင့် ကျန်းမာရေးအဆင့် မြင့်မားတိုးတက်လာစေရန်ရည်ရွယ်၍ ကျောင်းအခြေပြု တီဘီရောဂါရှာဖွေခြင်းလုပ်ငန်းနှင့် ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းလုပ်ငန်းများ အသိပေးဆွေးနွေးပွဲကို ယမန်နေ့နံနက် (၁၀) နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အင်္ဂပူမြို့နယ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအတွက် ဂုဏ်ပြုပေးအပ်သော ကြက်ဥများဖြန့်ဝေခြင်းနှင့်ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်

အင်္ဂပူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် ယမန်နေ့နံနက်ပိုင်းက အင်္ဂပူမြို့ မြန်မာ့စီပွားရေးဘဏ်၌ ပင်စင်ထုတ်ယူသည့်မြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအတွက် ဂုဏ်ပြုပေးအပ်သောကြက်ဥများ ဖြန့်ဝေခြင်းနှင့်ကျန်းမာရေးစောင့်ရှောက်မှုများ‌ ဆောင်ရွက်ပေး‌ခဲ့ကြောင်းသိရသည်။

ဓနုဖြူမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းပင်စင်စားများဦးရေ၏ (၂၅%) အား ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့က ကြက်ဥ ၁၀ လုံးနှုန်း ချီးမြှင့်ပေးအပ်ခြင်းနှင့်ကျန်းမာရေးစောင့်ရှောက်မှုပေး

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် မြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ကြက်ဥများပေးအပ်ခြင်းကို ယမန်နေ့ ဒီဇင်ဘာ ၂၃ ရက်နေ့ နံနက်ပိုင်းက အမှတ် (၈) ရပ်ကွက်၊ မင်းပိုင်းဓမ္မာရုံ၌ ဆောင်ရွက်ပေးလျက်ရှိသည်။

ကျွန်းလှမြို့နယ်၌ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပိုက်ကျော်ခြင်းပြိုင်ပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် အားကစားနှင့်ကာယပညာကော်မတီက ကြီးမှူးကျင်းပသည့် ၂၀၂၅ ခုနှစ်၊ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက ရွှေကျွန်းမြေမိုးလုံလေလုံ အားကသားခန်းမ၌ ကျင်းပသည်။

ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံမြေပဲ (၁၅၇၀) ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဆီထွက်သီးနှံ စိုက်ပျိုးစွမ်းအား တိုးတက်စေရန်နှင့် စားသုံးဆီ ဖူလုံပိုလျှံစေရန်အတွက် ဒေသခံတောင်သူများက ဆီထွက်သီးနှံများကို ကြိုးပမ်းစိုက်ပျိုးလျက်ရှိရာ ဒီဇင်ဘာလ (၂၂) ရက်နေ့ထိ မြေပဲသီးနှံ (၁၅၇၀) ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ရပ်စောက်မြို့နယ်၌ ပြည်သူ့စစ်မှုစစ်ထမ်း သင်တန်းအမှတ်စဉ် (၈/၂၀၂၄ ) သင်တန်းဖွင့်ပွဲပြုလုပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၊ ဗထူးတပ်မြို့ရှိ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း စစ်ရေးပြကွင်း၌ ယမန်နေ့ နံနက် ၈ နာရီက ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၈/၂၀၂၄) ဖွင့်ပွဲ ပြုလုပ်ခဲ့ရာ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်မင်းလတ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဦးနေဝင်းအောင်၊ တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် နိုင်ဝင်းအောင်နှင့် တပ်မတော်အရာရှိများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းစိုးနိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာဆိုင်ရာ အကြီးအကဲများနှင့်ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ပြည်သူ့စစ်မှုထမ်း သင်တန်းသားများ တက်ရောက်ခဲ့ပြီးသင်တန်းဖွင့်ပွဲ အခမ်းအနားတွင် တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း ကျောင်းအုပ်ကြီးက ပြည်သူ့စစ်မှုထမ်း သင်တန်းသား (၈၈) ဦးအား သင်တန်းဖွင့် မိန့်ခွန်းပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေမြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ ချီးမြှင့်ပေးအပ်ခြင်းနှင့် ခရစ္စမတ်အကြို ဂုဏ်ပြုချီးမြှင့်ခြင်းနှင့် မေတ္တာပို့ဆုတောင်းခြင်း အခမ်းအနားတက်ရောက်

စစ်တွေမြို့နယ်အတွင်း အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာထုတ်ပေးခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းနှင့် ချီးမြှင့်ပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြည့်ရှုအားပေးကြသည်။

ကော့သောင်းမြို့တွင် (Grade-5)နှင့် (Grade-9) သင်ကြားသင်ယူမှုထိရောက်ရေး အရည်အသွေးမြှင့် သင်တန်းဆွေးနွေးပွဲများ ပြုလုပ်

တနင်္သာရီတိုင်း‌ဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့် (Grade-5) နှင့် အခြေခံပညာအလယ်တန်းအဆင့် (Grade-9) သင်ကြားသင်ယူမှုထိရောက်ရေး အရည်အသွေးမြှင့် သင်တန်းဆွေးနွေးပွဲကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့ ဒီဇင်ဘာလ(၂၃)ရက်နေ့တွင် စတင်ဆောင်ရွက်လျက်ရှိသည်။
Subscribe to