ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေမြို့၊ ဘုရားစေတီများ၊ ဘုန်းတော်ကြီးကျောင်းများနှင့် ဆေးရုံများတွင် ဆိုလာစနစ်ဖြင့် လျှပ်စစ်မီးပူဇော်၊ တပ်ဆင်ထားမှုကြည့်ရှု၊ မြို့သန့်ရှင်းသာယာရေး အတွက် ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းကစစ်တွေမြို့ပေါ်ရှိဘုရားစေတီများ၊ ဘုန်းတော်ကြီး ကျောင်းများနှင့် ဆေးရုံများတွင် ဆိုလာစနစ်ဖြင့် လျှပ်စစ်မီးပူဇော်၊ တတ်ဆင် ထားရှိမှုကို လှည့်လည်ကြည့်ရှုပြီး မြို့သန့်ရှင်းသာယာရေးတွက် ဆောင်ရွက်နေမှုများကို လှည့်လည် ကြည့်ရှုစစ်ဆေးကြသည်။

ပခုက္ကူမြို့၌ မြန်မာ့ရိုးရာခြင်းခတ်ကစားယဉ်ကျေးမှု တိမ်ကောပပျောက်မှုမရှိစေရေး ခြင်းလုံးအလှခတ်ပွဲကျင်းပ

မြန်မာ့ရိုးရာခြင်းခတ်အားကစားယဉ်ကျေးမှု တိမ်ကောပပျောက်မှုမရှိစေရေးနှင့် မျိုးဆက်သစ်လူငယ်များ လက်ဆင့်ကမ်းထိန်းသိမ်းနိုင်စေရေးရည်ရွယ်၍ ယနေ့နံနက် ၈ နာရီအချိန်က ပခုက္ကူမြို့၊ ရှေးဟောင်းသမိုင်းဝင်သီဟိုဠ် ရှင်မြတ်စွာဘုရားကြီးဝန်းအတွင်း၌ သီတင်းကျွတ်မီးထွန်းပွဲတော်အထိမ်းအမှတ်အဖြစ် ခြင်းလုံးအလှခတ်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

နောင်ချိုမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ကျန်းမာရေးအသိပညာပေး ဟောပြောခြင်းနှင့် ဆေးကုသခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင် နောင်ချိုမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ကျန်းမာရေး အသိပညာပေးဟောပြောခြင်းနှင့် ဆေးကုသခြင်းလုပ်ငန်းများကို ယမန်နေ့က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဂန့်ဂေါမြို့တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် Rollplay ပြိုင်ပွဲတွင် နိုင်ငံတော်အဆင့် ပထမဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၌ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် Rollplay ပြိုင်ပွဲတွင် နိုင်ငံ‌တော်အဆင့်ပထမဆုရရှိသည့် ဂန့်ဂေါမြို့ အခြေခံပညာအလယ်တန်းကျောင်း (မြောက်ကုန်း) မှ ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲ အခမ်းအနားကို ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

မြစ်သားမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် ခြင်းထိုးနည်း(အခမဲ့)သင်တန်း ဖွင့်လှစ်သင်ကြား

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် အမျိုးသမီးများမိသားစုစားဝတ်နေရေးအတွက် တစ်နိုင်တစ်ပိုင်အပိုဝင် ငွေရရှိအောင်နှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်‌စေရန် ရည်ရွယ်၍ ခြင်းထိုးနည်း (အခမဲ့)သင်တန်းကို ယနေ့နံနက်ပိုင်းက အဆိုပါပြည် သူ့စာကြည့်တိုက်၌ သင်ကြားခဲ့ရာ ဌာနဆိုင်ရာဝန်ထမ်းများနှင့် စိတ်ပါဝင်စားသည့် မြို့ပေါ် ရပ်ကွက်များမှသင်တန်းသားများ တက်ရောက်သင် ကြားခဲ့ကြောင်း သိရသည်။

မြို့သစ်မြို့နယ်ရှိ စွန်ဆည်ရေလှောင်တမံရေပိုလွှဲမှ ဆက်လက်ရေကျော်ကျလျက်ရှိပြီး ဆဒ္ဒန်ဆည်နှင့် ဘုတ်ချောင်းဆည်ရေလှောင်တမံ ရေပိုလွှဲတို့မှရေကျော်ကျခြင်းမရှိ

မကွေးတိုင်းဒေသကြီး၊  မြို့သစ်မြို့နယ်တွင်  စက်တင်ဘာလ တတိယပတ်မှစတင်၍ မိုးအဆက်မပြတ်ရွာသွန်းခဲ့မှုကြောင့် ယနေ့နံနက် ၆ နာရီအချိန် ဆည်ရေတိုင်းထွာချက်အရ စွန်ဆည်ရေလှောင်တမံရေပိုလွှဲမှဆက်လက်ရေကျော်ကျလျက်ရှိပြီး ဆဒ္ဒန်ဆည်နှင့်ဘုတ်ချောင်းဆည်ရေ လှောင်တမံရေပိုလွှဲတို့မှ ဆက်လက်ရေကျော်ကျခြင်းမရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှသိရသည်။

ရေကြည်မြို့နယ်အသုတ်မြို့သို့ ပြောင်းရွှေ့လာသည့် ဒေသတွင်း ယာယီနေရပ်စွန့်ခွာပြည်သူ များအား ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ဆိုင်ရာကိစ္စရပ်များအား ရှင်းလင်းပြောကြား

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်အသုတ်မြို့၊ ဆင်မင်းစံဓမ္မရိပ်သာတွင် အသုတ်မြို့သို့ပြောင်းရွှေ့လာသည့် ဒေသတွင်း ယာယီနေရပ်စွန့်ခွာပြည်သူများအား ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များအား ရှင်းလင်းပြောကြားခြင်း အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်က ပြုလုပ်ခဲ့ရာ စုစုပေါင်း ယာယီနေရပ်စွန့်ခွာပြည်သူ (၃၅၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

၂၀၂၅ ခုနှစ် သီတင်းကျွတ် ဈေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေပွဲ ဖွင့်ပွဲ အခမ်းအနား ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး ၂၀၂၅ခုနှစ် သီတင်းကျွတ်ဈေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေပွဲ ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်တွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းထွန်းဦး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ UMFCCIနှင့် ညီနောင်အသင်းများမှ တာဝန်ရှိသူများ၊ စက်မှုဇုန်အသီးသီးမှ တာဝန်ရှိသူများ၊ စက်မှုလုပ်ငန်းရှင်များ၊ MSME လုပ်ငန်းရှင်များ၊ အသေးစား စက်မှု လက်မှုလုပ်ငန်းရှင်များ၊ MSME by G3G Appမှ တာဝန်ရှိသူများ၊ Weday Online Appမှ တာဝန်ရှိသူများနှင့် တိုင်းရင်းသား၊ တိုင်းရင်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID စမတ်ကတ်များနေ့ခြင်းပြီး ပြုလုပ်ဆောင်ရွက်ပေး

၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ယာယီနေရပ်စွန့်ခွာ ပြည်သူများ ဆန္ဒမဲပေးခွင့်မဆုံးရှုံးစေရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန ဘားအံမြို့နယ် ဦးစီးမှူးရုံးမှဝန်ထမ်းမျာသည် အောက်တိုဘာလ ၄ ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့၊ လှာကမြင်ကွက်သစ်၊ လှာကမြင်ဈေး၌ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID စမတ်ကတ်များကို နေ့ချင်းပြီး ဆောင်ရွက်ပေးခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက လိုက်လံကြည့်ရှုအားပေးခဲ့ကြ သည်။

နေပြည်တော်ကောင်စီဝင် ဦးမင်းဦး ပေါ်ဆန်းမွှေးမျိုးစပါး ယှဉ်ပြိုင်စိုက်ပျိုးထားမှု၊ ပေါ်ဆန်းရင်စပါး အောင်မြင်ဖြစ်ထွန်းနေမှုနှင့် သဘာဝမြေဩဇာ ပြုလုပ်ထားရှိမှုအား ကွင်းဆင်းကြည့်ရှု

နေပြည်တော်ကောင်စီဝင်ဦးမင်းဦးသည် ယမန်နေ့ ညနေပိုင်းက ပုဗ္ဗသီရိမြို့နယ်၊ စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးစိန်ကြည်နှင့်တာဝန်ရှိသူများ လိုက်ပါလျက် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ဘဲကုန်းကျေးရွာအုပ်စု၊ ပင်လောင်းလမ်းဘေးရှိ ပေါ်ဆန်းမွှေးမျိုးစပါး ယှဉ်ပြိုင်စိုက်ပျိုးထားမှု၊ ပေါ်ဆန်းရင်စပါး အောင်မြင်ဖြစ်ထွန်းနေမှုနှင့် သဘာဝမြေဩဇာ ပြုလုပ်ထားရှိမှုအား ကွင်းဆင်းကြည့်ရှုခဲ့သည်။
Subscribe to