လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကလေးသူငယ်အလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ပြုလုပ်

ခန္တီး စက်တင်ဘာလ ၂၂

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးများအနေဖြင့် အများပြည်သူအသိပညာ ပြန့်ပွားရေးအတွက် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်(၁၁) နာရီအချိန်က လူမှုဝန်ထမ်းဦးစီးဌာနှင့်ပူးပေါင်း၍ ကလေးသူငယ်အလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ကိုလူထုခြပြုဗဟိုဌာန Community Centre ခန်းမအတွင်း ပြုလုပ်ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်စိမ်းလဲ့လဲ့က Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်မူမူထွန်းက ကလေးသူငယ်များနှင့်ပတ်သတ်၍ ကာကွယ်စောင့်ရှောက်မှုပေးရန်လိုအပ်သည့် ကလေးများအကြောင်း၊ အလုပ်လုပ်ကိုင်နိုင်စွမ်းရှိသည့် ကလေးသူငယ်အရွယ်များအကြောင်းနှင့် လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် ကလေးသူငယ်များနှင့်ပတ်သတ်၍ ဆောင်ရွက်ပေးလျက်ရှိသည့် လုပ်ငန်းစဉ်များအကြောင်းတို့ကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)